သရုပ်ဆောင်အလင်းရောင်တစ်ယောက် လက်ရှိမှာတော့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးနဲ့အတူ " ကံ့ကော်နီ " ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့အနေ အထားတစ်ခုကိုရောက်ရှိနေပြီဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်တွေက တကယ်ကိုရင်ထဲထိပြီး ဇာတ်ရုပ်နဲ့ကွက်တိကျလို့နေပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ဇာတ်ရုပ်ကြောင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း အလင်းရောင်တစ်ယောက် ရေတွင်းထဲမှာ နှိပ်စက်ခံရတဲ့အခန်းကို ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ သဏ္ဍာန်လုပ်သရုပ်တူအောင် ရိုက်ကူးရတဲ့အခါ အလင်းရောင်တစ်ယောက် ရေတွင်းထဲမှာ အတော်လေးယားယံခဲ့တယ်လို့လည်းဆိုပါတယ်။

ဒီလိုသရုပ်ဆောင်ပြီးနောက်မှာတော့ အလင်းရောင်တစ်ယောက် ရိုက်ကွင်းနောက်ကွယ်က သူ့ရဲ့ပုံရိပ်လေးတစ်ခုကို " Even when the fall come, I still pick you up " ဆိုပြီးတင်လိုက်တာပဲဖြစ်ပါတယ်။ တကယ်ကိုကြွေဆင်းသွားမယ့် တော်ကီတွေ ကြောင့်ပဲ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်နေတယ်ဆိုတာတော့ အသေအချာပါပဲ။

Photo - Alinnyaung Light

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။