တောင်ကိုရီးယားမှာ ခန္ဓာကိုယ်အလှ၊ စံချိန်စံညွှန်းတွေနဲ့ထိန်းချုပ်ထားတဲ့နေရာမှာ မော်ဒယ် Vivian Geeyang Kim ဟာ သူမရဲ့ ခပ်ပြည့်ပြည့်ခန္ဓာကိုယ်နဲ့အတူ မော်ဒယ်လောကကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး တောင်ကိုရီးယားအနုပညာလောကမှာ သူမဟာ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။ 

K pop စတားတွေဟာ သူတို့ရဲ့ပိန်ကပ်ကပ်ခန္ဓာကိုယ်ကို ရဖို့ အစားအသောက်မစားပဲ အပြင်းအထန်ချုပ်တည်းနေကြတဲ့အချိန်မှာ Kimဟာ လမ်းကြောင်းအသစ်ကိုဖော်ထုတ်လိုက်ပါတယ်။ အရပ် ၁၆၅စင်တီမီတာရှိပြီး ခန္ဓာကိုယ်အလေးချိန်ရဝကီလိုရှိတဲ့ Kimဟာ အမေရိကန်မော်ဒယ်အေဂျင်စီမှာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားကို ပြန်ရောက်ချိန်မှာ သူမဟာ ဝတယ်ဆိုတဲ့ဝေဖန်ချက်တွေကြုံခဲ့ရပါတယ်။

တကယ်လဲတောင်ကိုရီးယားမှာ ကိုယ်အလေးချိန် ၅၀ ကီလိုကျော်တဲ့ အမျိုးသမီးတွေကိုဝတယ်ဆိုပြီး မိသားစုဝင်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်းတောင် လှောင်ပြောင်မှုတွေရှိနေတာဖြစ်ပါတယ်။ ဒါတွေကို ဆန့်ကျင်ပြီး Kimဟာ ဝပေမယ့်လှတဲ့ အမျိုးသမီးတွေအတွက် Fashion Magazineထုတ်ခဲ့ရုံသာမက သူမကိုယ်တိုင် Online Shoppingတစ်ခုဖွင့်ခဲ့ပါတယ်။ အလှအပရေးရာစံညွှန်းတွေ တင်းကျပ်လွန်းတဲ့တောင်ကိုရီးယားမှာ Kimဟာ ဝတယ်လို့ သတ်မှတ်ခံရတဲ့အမျိုးသမီးတွေကို ကိုယ့်အလှကိုယ်မြင်တတ်ဖို့ ပြောကြားခဲ့ပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။