ဒီကနေ့ အောက်တိုဘာ ၁၃ရက်နေ့ စနေနေ့က နေ့လည် ၂နာရီခွဲအချိန်ခန့်က ၁၉လမ်း မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့ အ.ထ.က ၁ လသာ သူငယ်တန်းကျောင်းသား ၆နှစ်အရွယ် မောင်အောင်ဟိန်းပိုင်ဆိုသူ ကလေးငယ်တစ်ဦးရဲ့ ဖြစ်ရပ်ဆိုးတစ်ခုကိုတော့အားလုံးသိမယ်ထင်ပါတယ်။ ဝမ်းနည်းစရာဖြစ်ရပ်ဆိုးတစ်ခုဖြစ်တဲ့အပြင် ကြုံတွေ့ခဲ့ရတဲ့ အဘိုးဖြစ်သူနဲ့ သားဖြစ်သူဆုံးရှုံးခဲ့ရတဲ့ မိခင်ဖြစ်သူတို့ရဲ့ ခံစားချက်တွေကိုတော့ နားလည်ကြမယ်ထင်ပါတယ်။  

မီးလောင်မှုနဲပတ်သက်ပြီး "သားသားလေး အရမ်းလန့်ပြီး အသက်ရှုကြပ် သေဆုံးသွားခဲ့ရတာပါ ခြေထောက် ပိုင်းကို မီးနည်းနည်းဟပ် သွားခဲ့ပါတယ်။ မီးမလောင်ခင်အချိန် အနည်းငယ်မှာ အဘိုးဖြစ်သူက ဖုန်းအားသွင်းခဲ့ပြီး အမှိုက်ပစ်ရင်း လမ်းထိပ်မှာ ဆီချက် သွားစားနေတဲ့ အချိန်ခဏလေး ကို အိမ်အလယ်လောက်က ဖုန်းအားသွင်းတဲ့ နေရာကနေ ဝါယာရှော့ဖြစ်ပြီး မီးစလောင်ခဲ့တယ်လို့ ပြောပါတယ်ဗျာ။ အိမ်ကနေ မီးခိုးထွက်နေတာတွေ့လို့ အဘိုးက ကလေးတွေကို တက်ခေါ်တာ အငယ်ဆုံး ကလေးကို တွေ့လို့ ကယ်နိုင်ခဲ့ပေမယ့် သားသားလေး ကို အော်ခေါ်တာ ပြန်မထူးနိုင်ခဲ့ပါဘူး အဘိုးလည်း မီးဟပ်ခံရပြီး မီးခိုးတွေနဲ့ သားသားကို ရှာမတွေ့ခဲ့ပါဘူး၊ 

သေဆုံးသူကလေးငယ်နဲ့ပတ်သက်ပြီး မိဘဖြစ်သူကတော့"သားသား မေမေက နေမကောင်းလို့ ဆေးရုံ အကြာကြီးတက်နေရတာ ဖေဖေက လူနာစောင့် လုပ်နေရလို့ သားသားက မေမေ ဘယ်တော့ ပြန်လာမှာလဲတဲ့ ခဏခဏ မေးတယ်တဲ့ သားသား မွေးနေ့ကျရင် အလှူ လုပ်ချင်တယ် ဘုရား သွားမယ်လို့လည်း ပြောခဲ့တယ်တဲ့။ သားသားမွေးနေ့က ၂၇ ရက်နေ့တဲ့ ခုတော့ သားသားရဲ့ ဖေဖေ က ထိန်းသိမ်း ခံနေရတယ် … သားသားရဲ့ မေမေလည်း ပြန်လာပြီလေ သားသားရဲ့ မေမေကို အားပေး နှစ်သိမ့်ရင်း ရင်ထဲမှာ စိတ်မကောင်း ဖြစ်ရတယ် သားသားလေး ကောင်းရာသုကတိလားပါစေကွယ်...." ဟူ၍ ဝမ်းနည်းစွာရေးသားထားတာတွေ့ရပါတယ်။ စိတ်မကောင်းစရာဖြစ်ရပ်ဆိုးကြီးတွေမဖြစ်ပွားနိုင်စေရန် ပရိသတ်တွေလည်းအိမ်တွင်း အန္တရယ်ရှိပစ္စည်းများ အသုံးပြုမှု ထိန်းသိမ်းနိုင်ကြပါစေနော်..။

Photos - harthanantaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။