အနုပညာလောကမှာ နိုင်ငံကျော်သရုပ်ဆောင် လွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ အသက် ၁၉နှစ်မှာ ချစ်သူနဲ့လက်ထပ်ခဲ့ကာ အခုဆိုရင် သားလေးတစ်ဦးတောင် ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကလည်း ပရိတ်သတ်တွေ တစ်ခဲနက် အားပေးမှုခံထားရတဲ့ သူလေးလည်းဖြစ်ပါတယ်။ချစ်စရာဟန်ပန် အမှုအရာလေးတွေရယ် အပြုံးလေးတွေကလည်း ယောကျာ်းလေးပရိတ်သတ်တွေကို ကြွေစေခဲ့တာဖြစ်ပါတယ်။

ယွန်းလေးတို့မိသားစုရဲ့ instagram ဓာတ်ပုံတွေမှာလည်း Liam လေးရဲ့ဓာတ်ပုံလေးတွေကို မကြာမကြာ တွေ့လို့နေရပါတယ်။ လတ်တလောမှာလည်း ပထမဆုံး Liam လေးနဲ့ night out ထွက်တဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။အသက်ငယ်ရွှယ်ပေမဲ့လည်း မိခင်မေတ္တာအပြည့်အဝပေးနိုင်တဲ့ ယွန်းလေးကတော့ တကယ်ချီးကျူးစရာပါပဲ။။Liam လေးကတော့ တစ်မိသားစုလုံးရဲ့ အချစ်တွေကို သိမ်းပိုက်လိုက်တာဖြစ်ပြီး ဖေဖေမေမေဖိုးဖိုးဖွားဖွားတို့ရဲ့ အသည်းကျော်လေးဖြစ်နေတာလည်းဖြစ်ပါတယ်။အမေတူသားလေးက ချစ်စရာကောင်းနေလိုက်တာ ဖိုဖိုးနဲ့ဖွားဖွားတို့ကလည်း သည်းသည်းလှုပ်အောင် ချစ်နေမှာအမှန်ပဲဖြစ်ပါတယ်။

သားလေး Liam လေးက အရမ်းချစ်စရာကောင်းပြီး ဖေဖေကောမေမေရဲ့ အလှကိုယ်စီကို ယူထားတာလည်းဖြစ်ပါတယ်။ ယွန်းက တော့လတ်တလောမှာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။ နှစ်ဖက်မိဘတွေ အတွက်မြေးဦးလေးဖြစ်လို့ အားလုံးရဲ့အချစ်တွေ စုပြုံသိမ်းကြုံးပြီးရထားတဲ့ Liam လေးကတော့ တကယ်ကို ကံကောင်းခြင်းတွေနဲ့မွေးဖွားလာခဲ့တဲ့သားသားလေး လို့ဆို ရမှာပါဘဲ ။ကဲ ...ချစ်ပရိသတ်ကြီးတွက် Liam လေးနဲ့ ယွန်းလေးရဲ့Night out ပုံလေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Yunwaddy instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။