မကြာခဏဖြစ်ပေါ်လျှက်ရှိတဲ့ ပြည်တွင်းသဘာဝဘေးအန္တရယ်သတင်းဆိုးကြီးတွေကတော့ ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ သဘာဝဘေးအန္တရယ်တွေထဲမှာ ရေဘေး၊ မီးဘေးကတော့ ရေပန်းအစားဆုံးဘေးဒုက္ခဆိုးကြီးတွေပဲဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၅ရက်နေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုးဝါးတဲ့မီးလောင်မှုတစ်ခုကတော့ ဖြစ်ပေါ်ခဲ့ပြန်ပါပြီ။ 

အဆိုပါမီးလောင်မှုကတော့ ဒီကနေ့ အောက်တိုဘာလ ၁၅ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ကျောက်မြောင်းမလွှကုန်းတွင် ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဂတ်စ်အိုးမှတဆင့်စတင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး "ကလေးကျောင်းသွားပို့ချိန် gas အိုးပိတ်ဖို့မေ့နေတာတဲ့ ။ မိဘတွေလဲ ကလေးတွေစာမေးပွဲရက် ဗျာများနေတော့ အမေ့မေ့ အလျှော့လျှော့ဖြစ်နေကြတာနေမှာပေါ့ ။ တော်သေးတယ် လူမရှိဘူး ခွေးလေးတကောင်တော့ သေသွားတယ်" ဟူ၍ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။  

မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ မီးလောင်မှုသတင်းတွေကတော့ ပရိသတ်တွေကြား ထိပ်လန့်စရာဖြစ်စဉ်တစ်ခုလို ကြားနေရပါပြီ။ ဒီကနေ့ မီးလောင်မှုဗီဒီယိုဖိုင်လေးကို ကြည့်ရှု့ရင်း အိမ်မှာ သက်ကြီးရွယ်အို ၊ကလေးတွေထားခဲ့တဲ့သူတွေ အစစ သတိထားပြီး အိမ်အတွင်းရှိ မီးခလုပ်၊ ရေခလုပ် ၊ gas အိုး ၊ Air Con တွေသတိထား ဖွင့်လစ်နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photos - Myo Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။