ပြည်တွင်းမကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ အလုပ်ရှင်အလုပ်သမားကြား ဆန္ဒပြမှုတွေကတော့ ပရိသတ်တွေကြား ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်တွေထဲမှာ ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမားတွေလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ အဆိုပါ ဖုယွင်အထည်ချုပ်စက်ရုံ ဆန္ဒပြအလုပ်သမားများကို ကြေးစားလူမိုက်တစ်စု တုတ်၊ ဓား၊ လေးခွလက်နက်တွေနဲ့ အကြမ်းဖက်ရိုက်နှက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါဖြစ်စဉ်ကတော့ ဒီကနေ့ အောက်တိုဘာလ ၁၅ရက်နေ့ မနက် ၉နာရီလောက်က အလုပ်သမားသပိတ်ကို ဖုယွင်စက်ရုံရဲ့ အလုပ်ရှင်ကနေ လူမိုက်ငှားပြီး အကြမ်းဖက်ရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း သပိတ်ဝန်းရံသူ ကိုမြတ်ကျော်က ပြောပြခဲ့ပါတယ်။ ၎င်းအကြမ်းဖက်ရိုက်နှိက်မှုကြောင့် အလုပ်သမား ၂၅ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့လည် ၃ နာရီအချိန်တွင် ဒဂုံဆိပ်ကမ်း ဖုယွင် အလုပ်သမား သပိတ်စခန်းရှေ့မှာ အရေးပေါ် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်သွားမယ်လို့ ဖုယွင် အလုပ်သမားသမဂ္ဂကပြောပြခဲ့ပါတယ်။ 

ရန်ကုန်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ နိုင်ငံခြားသားပိုင် ဖုယွင်အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် အလုပ်သမားအယောက် ၃၀ ကို အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက ပြီးခဲ့တဲ့ သြဂုတ်လ ကတည်းက ဆန္ဒပြနေခဲ့ကြတာပါ။ ဒီပြဿနာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား အကြိမ်ကြိမ်ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပေမယ့် ပြေလည်မှုမရရှိဘဲ အခုလိုအကြမ်းဖက်ရိုက်နှက်မှုတွေ ဖြစ်ပွားတဲ့အထိ အခြေအနေ ပိုမိုဆိုးရွားလာခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ ဒီကနေ့ဖြစ်စဉ်ပုံရိပ်တွေကို ပရိသတ်တွေသိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

pHOTOS - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။