ချစ်ပရိတ်သတ်ကြီးရေ Myanmar Idol ရဲ့ Presenter ကြီး ကျော်ထက်အောင်ကို ပရိတ်သတ်ကြီး သိကြမယ်ထင်ပါတယ်။သူဟာ တည်ကြည်ခန့်ညား ယောကျာ်းပီသတဲ့ အရည်းအချင်းတွေပိုင်ဆိုင်ထားပြီး စကားပြောရာမှာလည်း အသံသြဇာကောင်းကောင်းနဲ့ တင်ဆက်တက်သူ တစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အချစ်တော်ကြီးဖြစ်နေရသူဖြစ်ပါတယ်။သူ့ကိုတော့ သဘောကျအားပေးတဲ့ သူတွေအများကြီးဖြစ်ပြီး မိန်းကလေးပရိတ်သတ် အများစုအားပေးတာလည်းတွေ့ရပါတယ်။

သူဟာ အသံပါဝါကောင်းရုံတင် မကပဲ ရူပါဖြောင့်ပြီး ယောကျာ်းပီသတဲ့ သူ့ရဲ့ စမတ်ကျကျ ဝတ်ဆင်တက်မှုကြောင့် မိန်းကလေးတွေအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။သူဟာ နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိပြီး လတ်တလောမှာလည်းစမတ်ကျကျလေး ဝတ်ဆင်ကာ လူငယ်ဆန်ဆန် ခန့်ညားနေတဲ့ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။သူကတော့ အမြဲတမ်းကို စမတ်ကျကျဝတ်ဆင်ပြီး တည်ကြည်တဲ့ ဟန်ပန်အမှုအယာတွေကြောင့် ပရိတ်သတ်တွေ အသဲစွဲအားပေးနေကြတာလည်းဖြစ်ပါတယ်။

ချစ်ပရိတ်သတ်ကြီးလည်း ကျော်ထက်အောင်ရဲ့ စမတ်ကျကျခန့်ညားနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။သူဟာ လတ်တလောမှာလည်း ကြော်ငြာတွေ ဇာတ်ကားတွေ ရိုက်ကူးနေရတယ်လို့သိရပါတယ်။သူရဲ့ ရှေ့ဆက်အနုပညာအလုပ်တွေကိုလည်း ချစ်ပရိတ်သတ်ကြီးက အားပေးလိုက်ပါအုံးနော်။

Source:Kyaw Htet Aung

photo credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။