အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သိင်္ဂီထွန်းကတော့ ပရိသတ်တွေရဲ့ အချစ်တော် တက်သစ်စမင်းသားတစ်ဦးဖြစ်တဲ့ ကျော်ထက်ဇော်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ လူမှုစာမျက်နှာထက်မှာ တင်လို့ထားပါတယ်။ ကျော်ထက်ဇော်ဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကတဆင့် ပရိသတ်စတင်သတိထားမိခဲ့သူဖြစ်ပြီး "မိုးကောင်းကင် အိမ်မက်" ဇာတ်ကားမှာတော့ ဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ 

သိင်္ဂီထွန်းကတော့ ကျော်ထက်ဇော်နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို "ကျမရဲ့ဒီဇိုင်နာ မေသရဖူ(ဝင့်နန္ဒာဖြိုး)နှင့်ကောင်းကြိုက်သူ(ပြင်ဦးလွင်)ရဲ့ဝတ်စုံနဲ့ ကျမတို့သားအမိ." လို့ရေးသားပြီး တင်ထားတာ တွေ့ရပါတယ်။ "ကျမတို့သားအမိ" ဆိုတဲ့ စကားလေးကြောင့် ပရိသတ်တွေက သားလူပျိုကြီးထင်ခဲ့ပေမဲ့ သူမကတော့ သားအရွယ်မင်းသားလေးဖြစ်တာမို့ပါ ဆိုပြီး ပရိသတ်တွေကို ပြန်လည်ပြောပြထားတာ တွေ့ရပါတယ်။ 

လတ်တလောမှာတော့ မင်းသားကျော်ထက်ဇော်ကတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပြီး မင်းသမီးကြီး သိင်္ဂီထွန်းဟာလည်း ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ကဲ ပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က ချစ်စရာကောင်းတဲ့ အနုပညာသားအမိရဲ့ ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်....

Photo Source : Theingi Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။