သတ္တဝါတွေထဲမှာ ကြောင်ဟာ အိမ်တွေမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြတဲ့ မြင်နေတွေ့နေကျ သတ္တဝါတစ်မျိုးလည်းဖြစ်သလို ထူးခြားဆန်းပြားတဲ့ သတ္တဝါတစ်မျိုးလည်း ဖြစ်ပြန်ပါတယ်။ ဘာကြောင့် ထူးခြားဆန်းပြားသလဲလို့ ပြောရရင် ကြောင်ဟာ ချစ်စရာလည်း ကောင်းသလို ကြောက်စရာလည်း ကောင်းတဲ့ပုံစံအဖြစ် ကမ္ဘာ့သမိုင်းထဲက ယဉ်ကျေးမှုအမျိုးမျိုးမှာ တွေ့ရှိနိုင်လို့ပါပဲ။ ကြောင်အမျိုးအစားတွေ အများကြီးရှိတဲ့အထဲက ကြောင်နက်ကတော့ ပိုစိတ်ဝင်စားဖွယ်ရာ ကောင်းပါလိမ့်မယ်။

ကြောင်နက်တိုင်း အစွမ်း ရှိ၊ မရှိ ဒီနေရာမှာ တစ်ခုသိဖို့လိုလာတာက ကြောင်နက်တိုင်းဟာ အစွမ်းရှိသလားဆိုတာပါပဲ။ ကြောင်နက်နဲ့ ပတ်သက်ရင် ဖြေရ အတော် ခက်လှပါတယ်။ မျက်သျှင်ရှိတဲ့ ကြောင်နက်တွေဟာ ရေသန့်ဘူးအဖုံးလောက်ပဲရှိတဲ့ အပေါက်ဝထဲတောင် ၀င်နိုင်တယ်လို့ အဆိုရှိကြပါတယ်။ အဲဒီလိုမျိုး ကြောင်မျက်သျှင်ရှိတဲ့ ကြောင်နက်တွေဟာ တခြားကြောင်နက်တွေနဲ့ မတူတဲ့ ထူးခြားချက်တစ်ခု ရှိပါတယ်။

အဲဒီထူးခြားချက်ကတော့ ခြေထောက်ကို ကြည့်ပြီး ထူးခြားတဲ့ကြောင်နက်ဟုတ်၊ မဟုတ်၊ အစွမ်းသတ္တိိရှိတဲ့ကြောင်နက် ဟုတ်၊မဟုတ်ကို ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို ထူးခြားတဲ့ ကြောင်နက်တွေ ရှိသလို ကမ္ဘာ့အနှံ့အပြားမှာလည်း ထူးခြားတဲ့ ကြောင်နက်တွေ ရှိကြပြန်ပါတယ်။ကြောင်တိုင်းဟာ ကံကောင်းတယ်လို့ဆိုပေမယ့် ကြောင်နက်တော့ မပါဘူး။ ကြောင်နက်မှာ မှော်အစွမ်းတွေရှိတယ်လို့ ယူဆကြသလို တချို့ကတော့ ကံဆိုးစေတယ်လို့ ယူဆကြပါတယ်။

Source: Black Cat (Google)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။