အောက်တိုဘာလ(၁၀) ရက်နေ့မှာ ရဲ့ Justin Bieber ချစ်သူဟောင်းဖြစ်တဲ့ Selena Gomez ဟာ စိတ်ကျန်းမာရေး ဆေးရုံတက်နေရတယ် ဆိုတဲ့ သတင်းကြောင့် အောက်တိုဘာလ(၁၀) ရက်နေ့ညမှာ Justin ဟာ သူတစ်ယောက်တည်း ဘုရားကျောင်းကို သူ့ဇနီးကို မခေါ်ပဲ ရောက်၇ှိလာခဲ့ပါတယ်။ အပြန်မှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မှီပြီး ငိုကြွေးနေသလို သူ့ရဲ့ မျက်လုံးတွေဟာ နီရဲနေပြီး ဆံပင်နဲ့ မသိမသာ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလ(၁၁)ရက်နေ့ မနက်မှာတော့ ဇနီးဖြစ်သူ Hailey Baldwin နဲ့ ကားထဲမှာ အတူထိုင်ပြီး သူရဲ့ ခံစားချက်တွေကို မထိန်းနိုင်ပဲနဲ့ မျက်လုံးကို အုပ်ပြီး ငိုနေတာဖြစ်သလို Hailey ကတော့ ဘေးကနေ ဘေးကြည့်ကာ နှစ်သိမ့်ရုံတင် ကလွဲဘာမှ မတတ်နိုင်ခဲ့ပါဘူး၊ ခိုင်မာတဲ့ သတင်းဌာနတွေ ဖြစ်တဲ့ TMZ နဲ့ Weekly US တို့လို သတင်းဌာနတွေကတောင် Selena ရဲ့ စိတ်ကျန်းမာရေး သတင်းကြောင့် Justin ဟာ တကယ့်ကို စိတ်မကောင်းဖြစ်နေခဲ့တာ တော့ အမှန်ပဲ ဖြစ်ပါတယ်။

Selena နဲ့ Justin တို့နှစ်ယောက် ရဲ့ အချစ်ရေးဟာ ဆက်ပြီး လက်တွဲဖို့ မဖြစ်နိုင်ပေမဲ့လည်း Justin ဟာ Selenaကို ကျန်းကျန်းမာမာနဲ့ပျော်ရွှင်နေတာကိုတော့ အဝေးကိုနေ မြင်ချင်သူ ဖြစ်ပါတယ်။ ဒီလို သတင်းမျိုး ကြားရတော့ ကိုယ် မပိုင်ဆိုင်ခဲ့ ရချင်နေပါစေ၊ ကိုယ်ချစ်ခဲ့သူတိုင်းကို ပျော်ရွှင်ကျန်းမာနေတာကို လူတိုင်းမြင်ချင်မှာပါ။ အဲ့ဒီအတွက် Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ အိမ်ထောင်ရေးကို အထိအခိုက် ဖြစ်စေမလားဆိုတာရယ်၊ Hailey Baldwin အနေနဲ့ အများကြီးနားလည် သည်းခံပေးဖို့ ခံနိုင်ရည်ရယ် လိုအပ်ပါတယ်။ လက်ရှိမှာ မီဒီယာ တိုင်းက သူတို့ ဇနီးမောင်နှံရဲ့ ဆက်ဆံရေးကို ဘယ်လိုသက်ရောက်စေမလဲဆိုတာ နောက်ကနေ ထပ်ကျပ်မကွာ လိုက်နေကြသလို အောက်တိုဘာလ(၁၂) ရက်နေ့ မနက် ပိုင်းမှာ မနက်စာစားပြီး အတူတူတွေ့ရတဲ့ Justin တို့ စုံတွဲကတော့ အပြုံးတွေနည်းပြီး ခပ်ခွာခွာ ရှိနေတဲ့ အနေအထားမှာ ဖြစ်ပါတယ်။

source:http://www.justjaredjr.com/ ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။