သန္တာလှိုင်ပြောသွားတာလေး
ယောက်ျားတစ်ယောက်ဖောက်ပြန်တာနဲ့ ပတ်သက်ပြီး
ဘာများပြောချင်သလဲ? လို့မေးတော့
ယောက်ျားတစ်ယောက်ဖောက်ပြန်တာဟာ များသောအားဖြင့် မိန်းမကိစ္စနဲ့သက်ဆိုင်တယ်...အားလုံးကိုတော့မဆိုလိုပါဘူး တချိူ့ကျ ဗီဇကိုက မကောင်းလို့ဖောက်ပြန်တာမျိုး ...
ယောက်ျားတွေဟာ အိမ်ထောင်ကျပြီးတာတောင် ငါစွံသေးလား
ငါလုပ်လို့ရသေးလားဆိုပြီး စမ်းသပ်ချင်ကြရင်းနဲ့ဖောက်ပြန်ဖြစ်သွား
ကြတာများတယ် ...
"အမဆို မိန်းမတစ်ယောက်အနေနဲ့ ကျန်းမာရေးလည်းကောင်းတယ်ကွာ၊
အိမ်မှုကိစ္စဆိုလည်း သန့်ရှင်းသပ်ရပ်နေအောင်လုပ်တတ်တယ်၊ အချက်အပြုတ်ပိုင်းဆိုလည်း
ချက်ချင်းဧည့်သည် ၁ဝယောက်လောက်ခေါ်လာမလား လိုလေသေးမရှိ စီစဉ်ပြင်ဆင်
ပေးနိုင်တယ်၊ ကလေးတွေအတွက်လည်းအမ တာဝန်ကျေတယ်၊
ကိုယ့်ယောက်ျားထက်လည်း ငွေရှာနိုင်တယ်၊သူဘယ်ကိုခေါ်သွားသွား
မျက်နှာမငယ်ရဘူး လူဝင်ဆံ့ပြီး အားလုံးနဲ့တန်းတူဆက်ဆံနိုင်တဲ့
မိန်းမမျိူး သူဘာလို့ဖောက်ပြန်သလဲဆိုတော့ တခြားမိန်းကလေး
ငယ်ငယ်လေးတွေက သူ့လို အရပ်ရှည်ရှည် နိုင်ငံခြားသားရုပ်နဲ့
ဘဲကြီး Wow သန္တာလှိုင်လိုမိန်းမမျိူးကိုတောင် ယူထားနိုင်တယ်
ဆိုပြီး အထင်ကြီးချဉ်းကပ်မှုမျိူးကို သူသာယာတယ်။
အဲ့လိုအထင်ကြီးမျိူး အမတော့မပေးနိုင်ဘူးလေ...။အဲ့တော့သူ ဖောက်ပြန်တယ်။
သူ့ဘက်ကဘယ်လိုပဲမှားပါတယ် တောင်းပန်တောင်းပန်
အမလက်မခံနိုင်တော့ဘူး။ လုပ်ချင်ရာလုပ်ပြီးမှ မှားတယ်ပြောတာ
မျိူးဘယ်တော့မှမယုံနဲ့။ သူသာသူ့အမှားသူသိရင် အမ မိတဲ့ထိသူစောင့်ပီး မှားနေမှာ
မဟုတ်ဘူးလေ။ အစထဲက ငါတော့ဒီလို ဒီလိုမှားခဲ့တယ်ဆိုပြီး
တစ်ခါတည်းနဲ့ဝန်ခံတောင်းပန်ပြုပြင်ခဲ့တာမျိူးဖြစ်ရမှာ။ဒါတောင် အပြည့်အဝယုံလို့မရဘူး။ လူဆိုတာ
ဒီတစ်ခုကို လုပ်ဖူးသွားရင် ထပ်ခါထပ်ခါလုပ်ဖို့ဝန်မလေးတော့ဘူးလေ။ အဲ့တော့အမ ပြတ်ပြတ်သားသားပဲကွာရှင်းခဲ့တယ်။
ကွာရှင်းပြီးသည့်တိုင် အမသူ့ကို မြန်မာနိုင်ငံမှာ သူ့အလုပ်အတွက်
သူရပ်တည်ဖို့အတွက် ကိုယ်ကျွမ်းကျင်တဲ့ကိုယ့်ဒေသမို့အများကြီး
ကူညီခဲ့တယ်။ခုချိန်မှာ သူ့ထက်အမကဝင်ငွေကောင်းလို့ ကလေးတွေကို အမကပိုပြီး
လိုလေသေးမရှိလစ်ဟင်းမှုမရှိ ထားနိုင်ပေမယ့် တချိန်သူကအမထက် ဝင်ငွေကောင်း
ရင်လည်းသူကအမထက်ပိုပြီး တာဝန်ယူနိုင်မယ့် အဖေတစ်ယောက်
လို့ယုံတယ်။ သူက ကလေးတွေကိုအမထက်တောင် ပိုသဲသဲလှုပ်သေးတာလေ။
အမ သူ့အမှားအတွက် ဒါကိုပဲထပ်ခါထပ်ခါ ဖိနှိပ်အငြိုးတေးထားတာ
မျိူးအမမလုပ်တတ်ဘူး။လူတိုင်းကမှားတတ်တာပဲလေ ဘာပဲဖြစ်ဖြစ်
သမီးတွေအမြင်မှာ သူတို့အဖေကိုအမြဲတမ်း လေးစားဂုဏ်ယူရတဲ့
အဖေမျိူးဖြစ်နေစေချင်တယ်။ အဲ့အတွက် သူ့ရပ်တည်မှူကို အမ ကွာရှင်းပြီးသည့်တိုင်
ကူညီခဲ့တယ်။ အမသာ သူ့နေရာသူ့ဒေသမှာဆိုလည်း သူလည်းအမလို ကူညီမှာပါပဲ#"
တဲ့...
မှတ်မိသလောက်ကတော့ ဒလောက်ပဲ စိတ်ဓာတ်ကို သဘောကျလို့
ကိုယ့်ဘက်ကအမှားကင်းကင်းနဲ့ အကောင်းဆုံးနေထိုင်ပေးနိုင်တဲ့
ဇနီးကောင်း မိခင်ကောင်း အိမ်ထောင်ရှင်မကောင်းပီသခဲ့လို့။
တစ်ဖက်ကလည်း သူ့မှာခွင့်မလွှတ်နိုင်တဲ့ မိန်းမမာနကသပ်သပ်။
နောက်သိလိုက်ရတာက ယောက်ျားတချိူ့ဟာ ဘယ်လောက်
Perfect ဖြစ်တဲ့မိန်းမကိုရထားပါစေ မရနိုင်တဲ့အချက်အနည်းငယ်ကို
အခြားသောမိန်းမဆီက ရယူလိုကြတဲ့ လောဘတွေရှိတတ်ကြတာကိုပေါ့
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။