မကြာခင်ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲမှာ ရွှေ သုံးဆယ်သားတန်ရွှေအစစ်ဝတ်စုံကို ဝတ်ဆင်မယ့် မင်းသမီးလေးက ဘယ်သူများပါလဲ

ရွှေအစစ်ဝတ်စုံလေးဟာ သိန်း ၃၀၀ တန်ဖိုးရှိပြီး ဝတ်စုံအတွက် ရွှေ ၃၀ သားကို အောင်သမာဓိရွှေဆိုင်က စပွန်ဆာပေးထားပါတယ်။ ဝတ်စုံကို ဖန်တီးမယ့်သူကတော့ ရွှေဝတ်စုံ ၊ ရွှေထိုင်မသိမ်း ၊ စိန်ပဝါ ၊ ကျောက်မျက်ရတနာပဝါတွေကို ဖန်တီးချုပ်လုပ်တဲ့သူ တစ်ဦးဖြစ်တဲ့ ဒီဇိုင်နာ မျိုးမင်းစိုးဖြစ်ပါတယ်။

ရွှေသုံးဆယ်သားကို ခရေပွင့်လိုမျိုး ပုံစံလေးတွေ အကြီး အလတ် အသေး ဆိုက် ၃ မျိုး ပြုလုပ်ထားမှာဖြစ်ပြီးအင်္ကျီမှာ ပြန်ဆင်မှာပါ ။ လုံချည်ကိုတော့ ချိတ်ကိုပဲ ဝတ်ဆင်စေမှာပါ။ ဒီရွှေဝတ်စုံလေးကို မြန်မာ့ရုပ်ရှင်ဆုပေးပွဲမှာ ဝတ်ဆင်မယ့် မင်းသမီးကတော့

သရုပ်ဆောင် အိချောပို ပဲဖြစ်ပါတယ်။

ဒီဇိုင်နာမျိုးမင်းစိုးက “ အရင်ရွှေအင်္ကျီတုန်းက အဝါမှာ ရွှေကို (စီးကွင့်ပုံစံ) ပြန်ထိုးတယ်။

အခုကတော့ ဆန် ့ကျင်ဖက်ကာလာပေါ့ အရင်နဲ ့မတူတဲ့ ပုံစံလေးနဲ ့လုပ်မှာပါ” ဆိုပြီးပြောထားပါတယ်။

Source : သတင်းထူးသတင်းဦးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။