အတိုက်အခိုက်များနေတဲ့ ရဲနောင်အတွက် အလှူအတန်းပြုလုုပ်ပေးကြတဲ့ ရဲနောင်ရဲ ့ Fan တွေ

ပရိသတ်ရဲ ့အားပေးမှုများကိုသာမက ဝေဖန်မှုများစွာကိုလည်း ခံနေရတဲ့ ခါးနံပါတ် (၁) ရဲနောင်အတွက် သူ ့ရဲ ့Fan တွေဟာ မတ်လ တစ်ရက်နေ ့က အလှူအတန်းတစ်ခုပြုလုပ်ပေးခဲ့ကြပါတယ်။

သဲကုန်းမြို့နယ် ရေစုပ္ပင်ရွာ သာသနပါလ ပရဟိတကျောင်းမှာ ရဲနောင်အတွက် အလှူပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

တစ်ပါတ်ထက်တစ်ပါတ်ပိုစိတ်ဝင်စားစရာကောင်းလာတဲ့ Myanmar Idol Season 2 မှာပါဝင်ယှဉ်ပြိုင်နေတဲ ့ရဲနောင်ဟာ နောက်ဆုံးယှဉ်ပြိုင်သူ ငါးဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အခုလိုမျိုးအလှူအတန်းပြုလုပ်ပေးရခြင်းက ရဲနောင်ကို ဝေဖန်တိုက်ခိုက်မှုတွေကို အကုသိုလ်မယူလိုဘဲ လူတိုင်းကို မေတ္တာတရားနဲ ့အေးအေးဆေးဆေးဖြစ်ချင်တာကြောင့်လို ့သိရှိရပါတယ်။

ရဲနောင်ရဲ ့ပရိသတ်တစ်ဦးဖြစ်တဲ့ မြခွာညိုကလည်း သူ ့ရဲ ့ဖေ့စ်ဘွတ်ပေါ်မှာ 

အလှူနဲ ့ပတ်သက်ပြီး

“We Love Ye Naung တို ့ရဲ ့ရဲနောင်အတွက် အလှူလေးပါ ။ လူတိုင်းအပေါ် ရိုးသားဖြူစင်တဲ့ ရဲရဲ သီချင်းတွေအပေါ်ရိုးသားတဲ့ရဲရဲ ဝေဖန်မှုတွေ ပြောဆိုနှိမ့်ချမှုတွေအပေါ် မေတ္တာတရားနဲ ့သာ တုန် ့ပြန်တတ်တဲ့ရဲရဲ သူ ့ဘဝကို သူ ့ဂီတကြားထဲမှာ နစ်မြုပ်ထားတဲ့ ရဲရဲ.. ရဲရဲရေ ပြောနေကြစကားအတိုင်းပဲ မေတ္တာခြုံရင် လုံပါတယ်” ဆိုပြီး ရေးသားထားပါတယ် ။

Source: pannpwint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။