အမျိုးသမီးအားလုံးနီးပါးဟာ ပြစ်မျိုးမှဲ ့မထင် အသားအရည်ကို ရရှိလိုကြသူချည်းပါပဲ။

ဒါကြောင့် တစ်ပါတ်အတွင်း ပြစ်မျိုးမှဲ ့မထင်အသားအရည်လေးရရှိစေမယ့် နည်းလမ်းလေးတွေကို ဖေါ်ပြလိုက်ပါတယ်နော်။

အဲ့ဒီလိုအသားအရည်ကို ပိုင်ဆိုင်ဖို ့ဆိုရင်တော့ ပထမဆုံးအနေနဲ ့သင့်ရဲ ့အသားအရည်အမျိုးအစားနဲ ့ကိုက်ညီတဲ့ မျက်နှာသစ်ဆေး တိုနာ

အစိုဓါတ်ထိန်းခရင်မ် နဲ ့မျက်နှာဂျီးချွတ်ဆေးတွေကို ပုံမှန်လေးအသုံးပြုပေးဖို ့လိုပါတယ်။

ကိုယ့်ရဲ ့အသားအရည်ဟာ ပုံမှန်အသားအရည်လား အဆီပြန်တဲ့အသားအရည်လား ပေါင်းစပ်အသားအရည်လား ဆိုတာကို သိရှိပြီး မှန်ကန်တဲ့

အသားအရည်ထိန်းသိမ်းတဲ့ ပစ္စည်းအမျိုးအစားကို ရွေးချယ်သုံးပေးဖို ့လည်း လိုအပ်ပါတယ်။

နေရောင်ကာ ခရင်မ်ကိုလည်း အနည်းဆုံး SPF(Sun Protection Factor)15 ပါတာကို နေ ့စဉ်လိမ်းပေးရပါမယ်။

နောက်တစ်ချက်ကတော့ အိပ်ရာမဝင်ခင်တိုင်းမှာ တစ်နေ ့လုံးလိမ်းထားတဲ့ မိတ်ကပ်တွေကို အကုန်စင်ကြယ်သွားအောင် ဖျက်ပြီးမှ အိပ်ရာဝင်ဖို ့

လိုပါတယ်။ မျက်နှာကို နေ ့စဉ်် ပုံမှန် ၂ ကြိမ်သစ်ပေးရမှာဖြစ်ပြီး မျက်နှာကြေးချွတ်ခြင်းကိုတော့ တစ်ပါတ်တစ်ကြိမ်လောက်ပြုလုပ်ပေးဖို ့လိုပါတယ်။

မျက်နှာသစ်ပြီးတိုင်းလည်း အစိုဓါတ်ထိန်းခရင်မ်ကို လိမ်းပေးရမှာပါ။

သန် ့စင်ပြီး လှပတဲ့ အသားအရည်ဟာ အစိုဓါတ်ပြည့်ဝနေတဲ ့အသားအရည်မို ့ပါ။ 

ပြီးရင် ကျန်းမာရေးနဲ ့ညီညွတ်တဲ့အစားအစာတွေကို စားရမှာဖြစ်ပြီး ကဖင်းဓါတ် သကြား နဲ ့ ဆီကြော်စာတွေကိုလည်း ရှောင်ရှားရမှာဖြစ်ပါတယ်နော်။ သစ်သီးတွေနဲ ့ဟင်းသီးဟင်းရွက်တွေကိုလည်း နေ ့စဉ်စားသောက်တဲ့ အစားအစာထဲမှာထည့်စားပေးဖို ့လိုပါတယ်။ 

အရေးကြီးတဲ့အချက်ကတော့ တစ်နေ ့ကို ရေ ၈ ဖန်ခွက်သောက်ဖြစ်အောင်ကြိုးစားမှာပါ။

သကြားဓါတ်များတဲ့အချိုရည်တွေ ကော်ဖီ လက်ဖက်ရည်တွေကို ရှောင်ဖို ့လိုပါတယ်။

လက်ဖက်စိမ်းလက်ဖက်ရည်မှာတော့အသားအရည်အတွက်ကောင်းတဲ ့ဓါတ်တိုးဆန် ့ကျင်ပစ္စည်းတွေ

များစွာပါဝင်တဲ့အတွက် သောက်သုံးသင့်လှပါတယ်။

လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခြင်းဟာလည်း အသားအရည်အတွက်ကောင်းကျိုးအများကြီးပေးပါတယ်။

ကျန်းမာတဲ့ အသားအရည်ဟာ ကျန်းမာတဲ့ခန္ဓာကိုယ်ရဲ ့ပြယုဒ်တစ်ခုပါ ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ စိတ်ဖိစီးမှုတွေကိုလည်းလျှော့နည်းစေပါတယ်။ လေ့လာမှုတွေအရ စိတ်ဖိစီးမှုများခြင်းနဲ ့ဝက်ခြံဖြစ်ပေါ်ခြင်းဟာ ဆက်စပ်မှုရှိတာကို တွေ ့ရှိထားပါတယ်။ 

နောက်ဆုံးတစ်ချက်ကတော့ ညတိုင်းအိပ်စက်ချိန် ၈ နာရီရှိဖို ့လိုပါတယ်။ ဒါမှသာ သင့်ရဲ ့ခန္ဓာကိုယ်ဟာ အားအင်ပြည့်ဝနေမှာဖြစ်ပြီး မျက်ကွင်းညိုခြင်းက

လည်း ကင်းဝေးစေမှာပါ။

ဒီအချက်တွေကို နေ ့စဉ်လုပ်ဆောင်မယ်ဆိုရင်တော့ အသားအရည်အတွက်ကောင်းမွန်တဲ ့ရလဒ်တွေကို မကြာခင်မှာတွေ ့မြင်နိုင်မှာဖြစ်ပါတယ်။

Source : wikiHow

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။