Panteen Wild Card နဲ့ အခွင့်ရရင်တော့ ပြန်လာချင်ပါသေးတယ်လို့ ဇင်ကြီးဖွင့်ဟ

မျိုးဆက်သစ်အဆိုတော်ကောင်းတွေကို မွေးထုတ်ပေးနေတဲ့ Myanmar Idol Season2 ဟာ မနှစ်ကထက်ကို ပိုပြီး လူသိများလာသလို ရေပန်းအစားဆုံး (Reality Show ) ပြိုင်ပွဲတစ်ခုဖြစ်လာပါတယ်။

Top 6 မှာ စွယ်စုံရတေးသံရှင် ရုပ်ရှင်မင်းသားကြီး ဝင်းဦးရဲ့ သီချင်းတွေနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပြီး အဲ့ဒီပွဲမှာ ဇင်ကြီး က မဲအနည်းဆုံး နဲ့ စိတ်မကောင်းစွာဘဲ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပါတယ်။

Top 3 ရောက်ရင် မနှစ်ကလို Panteen Wild Card နဲ့ ပရိသတ်အကြိုက်ဆုံးသူတစ်ဦးကို ပြန်ခေါ်ခွင့်ရှိတာပါ။ 

သူ့အတွက် အခွင့်ရေးရမယ်ဆိုရင် ဇင်ကြီးကတော သီချင်းတွေကို ဒီ့ထက်ကြိုးစားသီဆိုသွားမယ်လို့ ဖေ့ဘုတ်စ်စာမျက်နှာ

Season 2 မှာ အဆိုကောင်းရက်နဲ့ Voting စနစ်အရ နည်းလို့ ထွက်သွားရတဲ့ ပြိုင်ပွဲဝင်တွေထဲမှာ ဇင်ကြီးက အတော်ဆုံးဖြစ်သလို နှမြောဖို့လည်း တယ်လို့ လူမှုကွန်ရက်မှာ မှတ်ချက်ပေးတာမျိုးတွေလည်းရှိနေပါတယ်။ 

ဇင်ကြီးဟာ ဆိုကရေးတီးပြိုင်ပွဲတွေမှာ ကိုယ်တိုင်တီး ၊ ကိုယ်တိုင်သီဆိုကာ ဆုတံဆိပ်တွွေများစွာကိုလည်း ရရှိထားသူဖြစ်ပါတယ်။ 

ဇင်ကြီးက ပြိုင်ပွဲဝင် အားလုံးထဲမှာ သူဟာ ပရိသတ်အနည်းဆုံးရှိတဲ့အတွက် စိတ််မကောင်းပါဘူးလို့လည်း ပြိုင်ပွဲမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဇင်ကြီးတစ်ယောက် ပရိသတ်ရင်ထဲက Idol တစ်ယောက်အဖြစ် အခုဆိုရင် သူ့ကို နှစ်သက်အားပေးသူတွေ ပိုင်ဆိုင်ထားရပါတယ်။

အမေရိကန်နိုင်ငံမှာလည်း American Idol ဆိုတာ လူကြိုက်များသလို နိုင်ငံတိုင်းလိုလိုမှာ အခုလို လူငယ်တွေရဲ့ အိပ်မက်တွေကို ပျိုးထောင်ပေးတဲ့ ပြိုင်ပွဲမျိုးတွေက တကယ်လည်းရှိသင့်ပါတယ်။

မြန်မာIdol မှာ အခုနှစ် ဒိုင်လုပ်နေတဲ့ တင်ဇာမော် ၊ မေဆွိ တို့ထက် စွယ်စုံရ ၀ါရင့်အဆိုရှင်ကြီးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ကြောင့်လည်း ပြိုင်ပွဲကပိုအသက်ဝင်လာတဲ့ပုံပါပဲ။

ဒိုင်တစ်ဦး ဖြစ်တဲ့ မြန်မာပြည်သိန်းတန်ကတော့ ဘုရင်ကြီး ဥပမာနဲ့ခိုင်းနှိုင်းပြီး ပရိသတ်တွေကို နိုင်ငံကြီးသားပီသစွာ တကယ်တော်တဲ့သူကိုပဲ မဲပေးကြပါလို့ တိုက်တွန်းထားပါတယ်။

Source - Zin Gyi Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။