ဘုရားတစ်ဆူမှာ အမယ်အိုရောင်းတဲ့မုန့်လေပွေကို ကိုယ်တိုင်ဝင်လုပ်ကြည့်ပြီး ပရိသတ်တွေဆီဝေမျှပေးခဲ့တဲ့အေးမြတ်သူ။ ဇာတ်ကားတိုင်းလိိုလိုမှာ ကျရာဇာတ်ကောင်တိုင်းကို အပီပြင်ဆုံးသရုပ်ဆောင်တတ်တဲ့ အနုပညာလောကမှာ နာမည်တစ်လုံူအခိုင်အမာရထားပြီးဖြစ်တဲ့အေးမြတ်သူကိုတော့ အပြင်မှာ ခင်မင်နှစ်လိုဖွယ်ရှိတဲ့စရိုက်ကြောင့် ပရိသတ်အများအပြားက ချစ်ခင်အားပေးတတ်ကြပါတယ်။

ဒီတစ်ခါမှာတော့ မြန်မာ့ရိုးရာမုန့်တစ်မျိုးဖြစ်တဲ့၊ တစ်ချို့တစ်ချို့နေရာတွေမှာသာ ရှားရှားပါးပါးတွေ့နိုင်တဲ့ မုန့်လေပွေအကြောင်း အေးမြတ်သူကနေ Actress Aye Myat Thu Facebook Account ကနေ ပရိသတ်တွေဆီ ဝေမျှခဲ့ပါတယ်။

" မုန့်လေပွေ

ငယ်ငယ်တုန်းက

ကျောင်းဆင်းရင်လာရောင်းလို့ မကြာမကြာ စားရတယ်။

ဘုရားပွဲစျေး မှာ တော့ လက်လက်ဆက်ဆက် မီးကင်ပေးလို့

ပူပူကြွပ်ကြွပ်လေး စားရတယ်။

ဆယ်တန်းအောင်ပြီးတော့

ကားမှတ်တိုင်မှာ ကြုံရင် ကြုံုသလို တောင်းအကြီးကြီးထဲထည့်ထားတဲ့ မုန့်လေပွေ ခပ်ပျော့ပျော့လေးစားရတယ်။

လုပ်ငန်းခွင်ဝင်တော့

တနှစ်နေလို့ တခါ မစားရတော့ဘူး

စားရရင်လည်း ခပ်ပျော့ပျော့ ချိုချိုကြီးနဲ့ အဝါရောင်သန်းတဲ့

မုန့်လေပွေ စားရတယ်။

ဒီနေ့တော့

ကိုယ်တိုင် လုပ်ခွင့်ရပြီး လက်လက်ဆက်ဆက်နဲ့ အရသာရှိတဲ့ မုန့်လေပွေကို တခု ၁ဝဝကျပ်နဲ့ စားခွင့်ရခဲ့တယ်ရှင့်

""" အင်းတိန်ဘုရားက အမယ်အို ရောင်းနေတဲ့ မုန့်လေပွေလေး ဝယ်စားခဲ့တယ်ရှင့်"""

စားဖူးသမျှ မုန့်လေပွေ တွေ ထဲမှာ အရသာအရှိဆုံးပါလို့။ "

လို့ အေးမြတ်သူကနေ ရေးသားဖော်ပြခဲ့ပါတယ်။

Source : Actress Aye Myat Thu Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။