အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ အနီရောင်ဖက်ရှင်

မြန်မာ့အနုပညာလောကရဲ့ ဖက်ရှင်ဘုရင်မလို့ တင်စားခေါ်ဝေါ်ခြင်းခံရသူကတော့ ပြည်သူချစ်မင်းသမီး အကယ်ဒမီ အိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်။ အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ ဆိုရင်ဖြင့် သူမရဲ့အနုပညာဘဝအစ မော်ဒယ်လ်ဘဝကတည်းက ဖက်ရှင်ကျကျဝတ်ဆင်တတ်သူဖြစ်ပြီး ယခု ကလေးနှစ်ယောက် မိခင်ဖြစ်တဲ့ အထိ လှပကျော့မော့စွာ ဝတ်စားဆင်ယင်တတ်စမြဲဖြစ်တာ ပရိသတ်ကြီး အသိပါ……

ဘယ်ပွဲမှာမဆို ဘယ်လို အခမ်းအနားမျိုးမှာမဆို ကာလံဒေသံနှင့်ကိုက်ညီစွာ ခေတ်နှင့်လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့ အတွက် သူမဟာ အမျိုးသမီးတွေရဲ့ အားကျစရာ အနုပညာရှင် မင်းသမီးတစ်လက်ဖြစ်နေရတာပါ။ မကြာခင်က ကျင်းပခဲ့တဲ့ SAI SAI ရဲ့ ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ပုံစံလေးဟာ ကလေးနှစ်ယောက် မိခင် အိမ်ထောင်သည်ဆိုတာကို မေ့ပြီး အပျိုလေးတွေကြေား ဆယ်ကျော်သက်လေးအလား ထင်ခဲ့ရတာ အားလုံးလည်း အသိပါ……

ယခုတစ်ခါလည်း သူမရဲ့ အနီရောင်ပွဲတက်ဖက်ရှင်ဟာ ပရိသတ်တွေကြား ရေပန်းစားလို့နေပါတယ်။ Nutox နှင့် Nano White Fresh အလှကုန် မိတ်ဆက်ပွဲသို့ တက်ရောက်လာခဲ့တဲ့ အူဝဲတစ်ယောက် အားလုံးထဲမှာ အထင်းသားလေးဖြစ်နေတာကို တွေ့ရပါတယ်။ သူမအနေနဲ့ သူမရဲ့ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ အနီရောင် gown ကို ဝတ်ဆင်ထားပြီး အနီရောင်တောက်နှုတ်ခမ်းနီလေးနဲ့ ဖြည့်စွက်ထားပါတယ်။ အင်တာဗျူးတစ်ခုမှာ သူမရဲ့ ဖက်ရှင်နဲ့ပတ်သတ်ပြီးတော့ သူမရဲ့အမ VIVID Fashion နဲ့အတူ တိုင်ပင်ပြီး အမြဲဝတ်ဆင်လေ့ရှိတယ်လို့ ပြောပါတယ်။ အူဝဲလေး ဘယ်လိုတောင် မိုက်နေလည်း ဆိုတာကိုတော့ ပုံလေးတွေမှာ ကြည့်ကြည့်နော် …………

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။