အနုပညာရှင်တွေဟာ အနုညာလုပ်ငန်းမှာသာမက အခြားနေရာ များမှာပါ စီးပွားရှာလာတာကိုတွေ့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ မိစန္ဒီက သူမပရိသတ်တွေကို My Boo Collection နှင့် မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။

သူမရဲ့ My Boo Collection ထဲ မှာ 'ငါ့ရည်းစားကိုမထိနဲ့' 'Don't touch My Boo' ဆိုပြီး ရည်းစားတွေအတွက် ဆင်တူအင်္ကျီလေး ဖြစ်ပါတယ်။ တကိုယ်တည်းသမားတွေလဲ ဝတ်လို့ ရတယ်လို့လဲသူမက ပြောထားပါသေးတယ်။

အင်္ကျီကတော့ တီရှပ်လိုမျိုး ပေါ့ပေါ့ပါးပါးဝတ်လို့ရမှာ ဖြစ်ပြီး အဖြူရောင်၊ အမည်းရောင် နှင့် မီးခိုရောင် ဆိုပြီး သုံးမျိုး ထွက်လာပါတယ်။ ဆိုဒ်ပေါင်းစုံလဲရှိပြီး မန္တလေး နှင့် ရန်ကုန်မှာရှိတဲ့ Genius Clothing မှာ ဝယ်လို့ရမှာဖြစ်ပြီး online က မှာချင်တဲ့ သူတွေ အတွက်တော့ 'My Boo' ဆိုတဲ့ ဖေ့ဘွတ်ပေ့ချ်မှာ မေးမြန်း နိုင်တယ်လို့ပြောထားပါတယ်။ စျေးနှုန်းကိုတော့ ပြောထားခြင်းမရှိသေးပါဘူး။ ဝတ်ချင်တယ်ကြိုက်တယ်ဆိုရင်တော့ share ပြီး ကိုကို တို့ ချစ်ချစ်တို့ကို ပူဆာလိုက်လေနော်....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။