ဆယ်ဖိလ်ဆွဲတယ်ဆိုတာ လူတိုင်းလိုလိုတော့ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုလုပ်လာရင်တော့ ဒါဟာ ပုံမှန်မဟုတ်တဲ့ အတိုင်းတာတစ်ခုထိဖြစ်လာနိုင်ပါတယ်။ထမင်းစားလည်း ဆယ်ဖိလ် လမ်းသွားလည်း ဆယ်ဖိလ် အိမ်သာတက်လည်း ဆယ်ဖိလ်ဆွဲနေရင်တော့ သတိသာထားပေတော့။ဒီလိုလူမျိုးတွေဟာ စိတ်ဝေဒနာ တစ်ခုခုခံစားနေရကြောင်း သုတေသိတွေ တွေ့ရှိခဲ့ကြပါတယ်။ 

ဒီဆယ်ဖိလ်ဆွဲတဲ့ အလေ့ထားနဲ့ ပတ်သက်ပြီး အဆင့်သုံးဆင့်ခွဲခြားထားကြပါတယ်။ ရိုးရိုး ပုံမှန်စိတ်ဖြစ်နေတဲ့သူ ဆိုရင်တော့ တစ်နေ့ကို ဆယ်ဖိလ် ဆွဲတဲ့အခါလည်း ဆွဲတယ် မဆွဲတဲ့အခါလည်း မဆွဲဘူး ပုံမှန် သုံးပုံထက်အပို မဆွဲဘူး။အပျင်းပြေရိုက်နေတာလောက်ပဲရှိတယ် ကိုယ်ရဲ့ facebook အကောင့်ထဲမှာလည်း မတင်ပြန်ဘူး။နောက် ဒီထက်ပိုးဆိုးလာရင်တော့ ခဏခဏရိုက်ပြီး facebook ပေါ်တင်ကြပါတယ်။ ဒီထက်ပိုဆိုး တဲ့အပိုင်းရောက်တော့ ဖုန်းကိုလက်ထဲကနေ မချတော့ပဲ ဘယ်နေရာရောက်ရောက် ဆယ်ဖိလ်ဆွဲနေတော့တာပါ ပဲ။

ဒါဟာနောက်ဆုံးအဆင့်ဖြစ်သွားပါပြီ။ ဒါကြောင့် ဒီလူဟာ ဆယ်ဖိလ်ဆွဲပြီး ပတ်ဝန်းကျင်နဲ့လည်း အဆက်သွယ် ပြတ်ကာ စိတ်ကစဉ့်ကလျား ဝေဒနာကို ခံစားရတော့တာပါပဲ။သုတေသီတွေ လေ့လာချက်အရ တစ်ကမ္ဘာလုံး ကဆယ်ဖိလ်အဆွဲကောင်းတဲ့သူတွေဟာ သေဆုံးနှုန်း၊ မြင့်မာပြီး မိမိကိုယ်ကိုကိုယ်သေကြောင်းကြံစီမှုတွေ ရှိခဲ့ ကြောင့် တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုလည်း ဆန်းစစ်ပြီး ဆယ်ဖိလ်ကိုမိနစ်မလပ် မဆွဲကြဖို့ တိုက်တွန်းလိုက်ပါရစေ။ 

Jolly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။