ရွှေဖရုံသီးနှင့် ရွှေဖရုံသီးစေ့ဟာ ကျန်းမာရေးအတွက် အရမ်းကိုအသုံးဝင်နေပါတယ်။ဈေးလည်းမကြီးတဲ့အပြင် သဘာဝကပေးတဲ့ ကျန်းမာရေးလက်ဆောင် ဆိုလည်း မမှားပါဘူး။ဘယ်လို ရောဂါတွေကိုကြိုတင်ကာကွယ် ပေးလဲဆိုတော့ ဆီးကျိတ်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသားတွေမှာအဖြစ်များတဲ့ ဆီးကျိန်ကင်ဆာ ကို ကာကွယ်ပေးပြီး ဆီးကျိတ်ရောဂါကြောင့်ခံစားရတဲ့ ဆီးသွားရခက်ခဲတဲ့ ဝေဒနာကို လျော့ချပေးနိုင်ပါတယ်။ 

ပြီးတော့ ဆီးအိမ်အတွင်းမှာရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်မှုကောင်းစေပြီး ဆီးအိမ်ကို ကျန်းမာစေပါ တယ်။ရွှေဖရုံစေ့မှာ လိင်မှုကိစ္စ အဝဝကိုလည်း အထောက်ပံ့ဖြစ်စေပါတယ်။အမိုင်နိုအက်ဆစ် ဓာတ်ကြွယ်ဝတဲ့ အတွက် စိတ်ကျရောဂါကိုလည်း တားဆီးပေးပါတယ်။အရိုးပွရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ကယ်လ်စီ ယမ်၊ ဗင်တာမင်ဒီ တို့ပါဝင်နေပါတယ်။ရောင်ရမ်းမှုတွေကိုလည်း လျော့ချပေးတယ်။

သန်ကောင်၊ ကပ်ပါးကောင်တွေကို နှိမ်နင်းပေးပါတယ်။ အရိုးတွေ သွားတွေကို ကာကွယ်ပေးတယ်။ အာရုံကြော ကိုကောင်းမွန်စေတယ်။ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ချေဖျက်ပေးပြီး အမျိုးသမီးတွေအတွက် ရင်သားကင်ဆာကို လည်းကာကွယ်ပေးပါသေးတယ်။ဒါကြောင့် ဖရုံစေ့ကို စားသုံး ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။