ဘယ်လောက်ပဲ သန့်ရှင်းတဲ့ ပတ်ဝန်ကျင်ရှိပါစေ မိတ်ဆွေတို့မမြင်နိုင်တဲ့ ပိုးမွှားလေးတွေက အများကြီးရှိ လိုနေပါတယ်။သူတို့ကတော့ မမြင်ရတဲ့ ဖုန်မွှားကောင်လေးတွေဖြစ်ပြီး ဘယ်နေရာတွေမှာ အများဆုံးတွေရ တတ်လဲဆိုတော့ ဆိုဖာခုံ၊ အခင်း၊ ကော်ဇော ၊အိပ်ရာထက်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ဒီလိုဖုန်မွှား ကောင်းလေးတွေက လူ့တွေရဲ့ ခန္ဓာကိုယ်ကနေ ကွာကျလာတဲ့အရေပြားဆဲလ်သေတွေကနေတစ်ဆင့် ဖြစ်ပွား လာတာဖြစ်ပါတယ်

ဒီလိုအကောင်းလေးတွေကြောင့်ပဲ လူတွေမှာ မကြာခဏ တွေကြုံတတ်တဲ့ မျက်စီ ယားယံခြင်း၊ အရေပြားတွေ ယားပြီးနီရဲ နေခြင်း၊ ရင်ကျပ်ခြင်း၊ နှာချေ ချောင်းဆိုးတွေကို ခံစားရတတ်ပါယ်။ဒီကောင်လေးတွေက အရမ်း သေးငယ်တာကြောင့် သာမန်မျက်စီနဲ့ မမြင်ရပါဘူး။သူတို့က ရာသီမရွေးရှိတတ်ပြီးပေါက်ဖွားနှုန်းကလည်း အန် မတန် မြန်ပါတယ်။ 

အဓိကသူတို့ရှိခြင်းကြောင့် လူတွေမှာ ဓာတ်မတည့်တဲ့ခံစားချက်မျိုးခံစားကြရပြီးဒုက္ခပေးတတ်ကြပါတယ်။ အဓိက အရေပြားရောင်ရမ်းခြင်း၊ နှင်းခူလို အရေပြားကို အနာဖြစ်အောင်ထိလည်း လုပ်ဆောင်နိုင်ကြပါတယ်။ ဒါကြောင့် မိမိနှင့်အနီးဝန်ကျင်မှာရှိနေတဲ့ အိပ်ရာ ကော်ဇော တွေကိုရေနွေးနဲ့ လျော်ဖွတ်ပေးရင် ပိုကောင်း ပါတယ်။ တစ်လကို နှစ်ကြိမ်လောက် လျော်ပေးပါ။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။