အိန္ဒိယနိုင်ငံ ရဲ့ အဓိက ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ နံနွင်းမှုန့်ဟာဆိုရင် ဟင်းတစ်ခွက်ရဲ့ အရသာကို ပိုပြီး ပြည့်စုံစေရုံသာမက ကျန်းမာရေးအတွက်လည်း လွန်စွာ အထောက်အကူပြုပါတယ်။ နံနွင်းကို ကျန်းမာရေး အတွက်သာမက အလှအပ အတွက်ရဲ့အရမ်းကို အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီနေ့ကတော့ နနွင်းမှုန့်က အသားအရေ အတွက် ဘယ်လိုအံ့မခန်း အစွမ်းတွေပေးနိုင်တယ်ဆိုတာ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁) နံနွင်းဟာဆိုရင် အရေပြားပေါ်မှာ ယားယံခြင်းကနေ စတင်ဖြစ်ပေါ်လာပြီး အနီကွက်တွေ ထွက်လာတဲ့ အရေပြား ရောဂါတစ်မျိုးဖြစ်တဲ့ Psoriasis ကို သက်သာပျောက်ကင်းအောင်ကုသ ပေးနိုင်ပါတယ်။

(၂) နံနွင်းဟာ အညစ်အကြေးနဲ့ ဖုန်တွေကြောင့် ဖြစ်ပေါ်တတ်တဲ့ ဝက်ခြံတွေကို ကုသတဲ့ နေရာမှာလည်း လွန်စွာ အသုံးဝင်ပါတယ်။ အဆီပြန်တတ်တဲ့ မျက်နှာပိုင်ရှင်တွေ အတွက်တော့ သင့်လျော်တဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

(၃) အသက်အရွယ်ကြောင့် ဒါမှမဟုတ် စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပေါ်တတ်တဲ့ အရေးကြောင်းတွေကို လျော့ပါးစေနိုင်တဲ့ အပြင် မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၄) ကိုယ်ဝန်ဆောင် မိခင်တွေ့နဲ့ ရုတ်တရက် ခန္ဓာကိုယ်အလေးချိန် အတက်အကျကြောင့် ဖြစ်ပေါ်လာတဲ့ အကြောပြတ် ဒဏ်ရာတွေကို ကုသဖို့ အတွက် နံနွင်းမှုန့်ကတော့ အကောင်းဆုံးဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။

(၅) နံနွင်းမှာဆိုရင် ရောဂါပိုးမွှားတွေကို သေစေနိုင်ခြင်းနဲ့ နီမြန်းရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင်စွမ်းရှိတာကြောင့် အပူလောင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဒဏ်ရာတွေကို အမာရွတ်မကျန်အောင် ကုသပေးနိုင်ပါတယ်။

(၆) နံနွင်းဟာဆိုရင် အသားအရေကို ကြည်လင်ဝင်းပအောင် ပြုလိုက်ပေးနိုင်တဲ့နေရာမှာတော့ ဆေးကောင်းတစ်ခွက်ပဲ ဖြစ်ပါတယ်။

(၇) နောက်တခုကတော့ သက်ကြီးပိုင်းတွေကော သက်ငယ်ပိုင်းတွေမှာပါဖြစ်ပွားတတ်တဲ့ ခြေဖနောင့်ကွဲအက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဒါကြောင့် အကုန်အကျသက်သာပြီး အရေပြားကို အများကြီး အထောက်အကူပြုနိုင်တဲ့ နံနွင်းနဲ့ အသားအရေကို ထိန်းသိမ်းလိုက်ပါနော်။

Source:www.stylecraze.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။