လူတိုင်းအိပ်ချိန်မှာအိပ် အနားယူချိန်မှာယူမှ ကျန်းမာရေးနဲ့ ညီညွန့်မှာဖြစ်ပါတယ်။ မအိပ်ပဲ မစားပဲနေရင် ဘယ်သတ္တာဝါမဆို ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်ဖို့ စားချိန်မှန်ဖို့ ကိုသတိထားပြီးလုပ် ဆောင်ရမှာဖြစ်ပါတယ်။ဒီလိုအိပ်ချိန်ပြည့်ဝမှ နောက်တစ်နေ့မှာ လန်းဆန်းတက်ကြွနေမှာဖြစ်ပါတယ်။ အိပ် ရေးဝမှ အသားရည်အတွက်လည်း ကောင်းသလိုဦးနှောက်စွမ်းရည်ကိုလည်း ပြည့်ဝစွာလုံးဆောင်နိုင်မှာပဲ ဖြစ်ပါ တယ်။

အိပ်ပါသော်လည်း ညတိုင်း လန့်လန့်နိုးနေတယ် တစ်ရေးတည်းနဲ့ အိပ်မောမကျဘူးဖြစ်နေရင် ကိုယ်ကိုကိုယ် ဆန်းစစ်ကြည့်ပါ။ အသက်အရွယ်အရ သက်ကြီးတွေက အိပ်ချိန်နည်းကြပါတယ်။တစ်ကယ်လို့ ကိုယ်က လူငယ် လည်းဖြစ်တယ် အိပ်လည်းမပျော်ဘူးဆိုရင် စဉ်းစားရမှာက အိပ်ခန်းကို အမှောင်ချပြီးအိပ်ရဲ့လား၊ ဘေးပတ်ဝန် ကျင် ဆူညံနေလား၊ ပြီးတော့ စိုးရိမ်ပူပန်စရာတွေ များနေလား၊စိုးရိမ်သောကကြောင့်လည်း အိပ်မရနိုင်ပါဘူး။ အိပ်မက်ဆိုးတွေမက်ပြီး လန်းနိုးတတ်ပါတယ်။ဒါကြောင့်မအပ်ခင် တရားထိုင်ပြီးမှ အိပ်သင့်ပါတယ်။ 

အပေါ့သွားပြီးမှ အိပ်ပါ။ဆီးချိုသမားတွေကတော့ ဆီးမကြာမကြာသွားတတ်ပါတယ်။ ဒါကြောင့် အိပ်ခါနီးတဲ့အခါ ဘာအရည်မှ မသောက်ဖို့ ပြောချင်ပါတယ်။အစာစားချိန်မမှန်ရင်လည်း အိပ်ရေးကိုပျက်စေပါတယ်။ပြီးတော့ သံ ဓာတ်ချို့တဲ့တဲ့အခါ လည်းခြေထောက်ကိုက်ခဲပြီးမအပ်နိုင်ဖြစ်တတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ ညဘက်ကို ရေနွေးလေးနဲ့ ရေချိုးပေးခြင်း၊ ခြေထောက်ကို အနွေးဓာတ်လည်း ပေးထားဖို့လိုပါတယ်။ အဝတ်လျော်တဲ့အခါ ဖြစ်ဖြစ် မိုးရာသီအတွင်းမှာ အပြင်ထွက်တဲ့အခါဖြစ်ဖြစ် ခြေထောက်အအေးမပတ်အောင် လည်ရှည်ဖိနပ်တွေ စီး ထားသင့်ပါတယ်။

Source: Jolly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။