ကြက်သွန်ဖြူဟာဆိုရင် ဟိုအရင်ကတည်းက မီးဖိုချောင်မှာ မဖြစ်မနေအသုံးပြုကြတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဟင်းတစ်ခွက်ကို ပိုပြီးတော့ အနံအရသာနဲ့ ပြည့်စုံစေတာကလည်း ကြက်သွန်ဖြူပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ သိထားတဲ့ ကြက်သွန်ဖြူမှာ အရမ်းကို ခန္ဓာကိုယ်အတွက် အရမ်းကို အထောက်အကူ ဖြစ်စေမယ့် ဓာတ်တွေပါဝင်ပါတယ်။ ဒါ့ပြင် အလှအပဆိုင်ရာတွေ အတွက်လည်း အရမ်းကို အသုံးဝင်တည် ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်နော်။ ဒီနေ့မှာ တော့ ကြက်သွန်ဖြူဟာ သင့်ရဲ့ ဆံနွယ်တွေကို ဘယ်လိုအထောက်အကူတွေဖြစ်စေနိုင်တယ်ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) ကြက်သွန်ဖြူမှာ ဆိုရင် ပိုးမွှားတွေကို သေစေနိုင်တဲ့ ဓာတ်တွေ ပါဝင်တာကြောင့် ဦးရေပြားမှာ ရှိတဲ့ မလိုလားအပ်တဲ့ ရောဂါပိုးတွေနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

(၂) ကြက်သွန်ဖြူမှာဆိုရင် ဗီတာမင် C ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ အတွက် အထောက်အကူပြုနိုင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

(၃)နောက်တစ်မျိုးကတော့ ကြက်သွန်ဖြူမှာဆိုရင် သွေးလည်ပတ်မှုကိုကောင်းစေတဲ့ Selenium ဓာတ်တွေပါဝင်တာကြောင့် သွေးလည်ပတ်မှုအားကို ပိုပြီးတော့ ကောင်းမွန်စေပါတယ်။

(၄)ဒါ့ပြင် ဦးရေပြားမှာ ရှိတဲ့ ဆံပင်ပေါက်ရောက်ရာ နေရာတွေကိုလည်း ပိုပြီး သန့်ရှင်းစင်ကြယ်ပါတယ်။

(၅) ဖုန်တွေ အဆီတွေကြောင့် ဦးရေပြားမှာ ဖြစ်ပေါ်တတ်တဲ့ ဗောက်နဲ့ ယားယံခြင်းတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဆံပင် အတွက် ကြက်သွန်ဖြူကို ဘယ်လို အသုံးပြုရမယ်ဆိုတာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်ဖြူနဲ့ ပျားရည်

ကြက်သွန်ဖြူလိုသလောက်ကို ကြေညက်အောင်ထောင်ထားပြီး ပျားရည် ပန်းခွက်တစ်လုံး နဲ့ ရောလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ ကြက်သွန်ဖြူနဲ့ ပျားရည်အရောကို ဦးရေပြားနဲ့ ဆံသားပေါ်ကို အနှံလိမ်းပေးပါ။ မိနစ် (၃၀) လောက်ထားပြီးတဲ့ နောက်မှာ ရေဆေးချလို့ရပါပြီ။ ဒါဆိုရင် ကျန်းမာလှပတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

(၂) ကြက်သွန်ဖြူနဲ့ အုန်းဆီ

ဒီနည်းလေးကတော့ ဆံပင်တွေ အရမ်းကျွတ်ပြီး ဆံပင်ပါးလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် အရမ်းကို အသုံးဝင်စေမယ့် နည်းလေး ဖြစ်ပါတယ်။ ကျိတ်ထားတဲ့ ကြက်သွန်ဖြူ အနည်းငယ်နဲ့ အနွေးဓာတ်ပေးထားတဲ့ အုန်းဆီလေးကို ရောပြီး ဦးရေပြားပေါ်မှာ အနှံလိမ်းပေးရပါမယ်။ မိနစ်(၃၀)လောက် ထားပြီး သွားတဲ့ အခါမှာတော့ ရေအေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ..။

(၃) ကြက်သွန်ဖြူ ဆီ

ကြက်သွန်ဖြူကရတဲ့ သီးသန့် အဆီကိုပြောတာမဟုတ်ပါဘူးနော်။ ကြက်သွန်ဖြူကို နေ့စဉ်သုံးနေတဲ့ အုန်းဆီ၊ သံလွင်ဆီတို့ထဲမှာ ရောထားပြီး ရလာတဲ့ အဆီကို လိမ်းပြီး တစ်ညအိပ်လိုက်မယ်ဆိုရင်တော့ အရမ်းကိုလှပတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါနော်။

(၄) ကြက်သွန်ဖြူနဲ့ ဂျင်း

ကြိတ်ထားတဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းကို ဆတူရောပြီး အုန်းဆီ သံလွင်ဆီတစ်ခုခုနဲ့ ရောလိုက်ပါ။ ပြီးရင်တော့ အညိုရောင်သန်းလာတဲ့အထိ တို့ အဆီကို အပူပေး ပါ။ ရလာတဲ့ အဆီကို အအေးခံပြီး ဦးရေပြား ကို နေရာအနှံလိမ်းပေးပါ။ မိနစ်(၃၀) ကြာထားပြီးတဲ့ နောက်မှာ ရေအေးလေးနဲ့ ဆေးချပေးပါ။ ဒါဆိုရင် ပျိုမေလေးတွေ အရမ်းကို လိုချင်နေတဲ့ ကျန်းမာ သန်စွမ်းတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Source:food.ndtv.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။