ဒိန်ချဉ်လို့ ပြောလိုက်ရင် လူမျိုးမရွေး ဘာသာမရွေးမကြိုက်တဲ့ သူမရှိလောက်အောင်ရှားပါလိမ့်မယ်။ ဒိန်ချဉ်က ကျန်းမာရေး အတွက် အလွန်ကို အထောက်အကူပေးနိုင်တာကြောင့် ဒိန်ချဉ်ကို လူတိုင်းနီးပါး သောက်သုံးကြပါတယ်။ ဒိန်ချဉ်က အစာအိမ်ရောဂါတွေ အတွက် အထူးကောင်းမွန်တဲ့ အချဉ်ဖောက် ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒိန်ချဉ်က ကျန်းမာရေးအတွက်သာမက အလှအပအတွက် ပါ အသုံးဝင်တဲ့ ပစ္စည်းကေားင်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အိမ်မှာ နေရင်းနဲ့ အားတဲ့ အချိန်လေးတွေမှာ ကိုယ့်ရဲ့ အသားအရေလေးကို နတ်သမီးလေးလို လှပအောင် ဒိန်ချဉ်ကို ဘယ်လိုအသုံးပြုပြီး ထိန်းသိမ်းလို့ရတယ်ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) စိုပြေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့ဆိုရင် ဒိန်ချဉ်က အဖြေရှာပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်မျိုးပါပဲနော်။ ဒိန်ချဉ်က မျက်နှာ အသားအရေကို စိုပြေဝင်းလက်စေရုံသာမက မျက်နှာလေးကို တင်းတင်း၇င်းရင်းလေးနဲ့ လှပနေစေမှာ ဖြစ်ပါတယ်။ အသုံးပြုပုံလေးကတော့ ဒိန်ချဉ်၊ ကိုးကိုးမှုန့် ၊ ပျားရည်တို့ကို အချိုးကျရောစပ်ပြီး မျက်နှာနဲ့ လည်ပင်းနေရာလေးတွေကို လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ် (၃၀) လောက် အခြောက်ခံပြီး ရေအေးလေးနဲ့ ဆေးချလိုက်ရုံပါပဲနော်။

(၂) စိတ်ဖိစီးမှု များလို့ပဲ ဖြစ်ဖြစ် အသက်အရွယ်ကြောင့်ပဲ ဖြစ်ဖြစ် မျက်နှာပေါ်မှာ ဖြစ်ပေါ်လာတတ်တဲ့ အရေးကြောင်းတွေကြောင့် လုံးဝပျောက်ကင်းစေနိုင်တာကတော့ ဒိန်ချဉ်ပဲ ဖြစ်ပါတယ်။ အုတ်စပါးလို့ခေါ်တဲ့ အစေ့တစ်မျိုးနဲ့ ဒိန်ချန်ကို ရောပြီး (၁၅) မိနစ်ခန့် မျက်နှာ နဲ့ လည်ပင်းတစ်ဝိုက်ကို စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးရပါမယ်နော်။ ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။

(၃) ဒိန်ချဉ်မှာ ပါဝင်တဲ့ zinc နဲ့ lactic acid တွေက မျက်နှာပေါ်မှာ အမြင်ဆိုးစေတဲ့ ဝက်ခြံတွေကို ကူညီဖယ်ရှားပေးနိုင်ပါတယ်။ ဝက်ခြံတွေကို ပျောက်ဖို့ဆိုရင် ဂွမ်းစလေးတစ်ခုကိုယူပြီး လိုသလောက်ဒိန်ချဉ်ကို ဂွမ်းစလေးနဲ့ ယူလိုက်ပါ။ ပြီးရင် ဝက်ခြံထွက်နေတဲ့ နေရာတစ်နေရာထဲကို ဂွမ်းစနဲ့ ယူထားတဲ့ ဒိန်ချဉ်လေးကို လိမ်းလိုက်ပါ။ ပြီး၇င်တော့ တစ်ညအိပ်ပြီး မနက်မိုးလင်းတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ထိုနည်းနဲ့လည်း ဝက်ခြံတွေကို ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။

(၄) နောက်တစ်မျိုးကတော့ ဒိန်ချဉ်က မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေကို လုံးဝပျောက်သွားတဲ့ အထိကုသပေးနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ သံပုရာရည်ကို အချိုးကျရောစပ်ပြီး မျက်လုံးနားတစ်ဝိုက်ကို ရှောင်ပြီး မျက်နှာ အနှံလိမ်းပေးပါ။ ပြီးရင် (၁၅) မိနစ်လောက် အခြောက်ခံပြီး ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ ပုံမှန်လေးလုပ်သွားမယ် ဆိုရင်တော့ မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေ ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

ဒါဆိုရင် အိမ်မှာနေရင်းနဲ့ နတ်သမီးလေးလို့လှပ ချော့မွေ့တဲ့ မျက်နှာလေးကို ပိုင်ဆိုင် နိုင်ပါပြီနော်။

Source:www.stylecraze.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။