ကြက်၊ဘဲ အစိမ်း - ရေခဲသေတ္တာထဲတွင် ၄၀ ဒီဂရီ ဖာရင်ဟိုက် (သို့) ပို၍ အေးသောအနေအထားတွင် (၁) ရက်(၂)ရက်ခန့်သာထားနိုင်ပြီး အအေးခန်းတွင် (၁)နှစ်အထိထားနိုင်သည်။

ချက်ထားသော ကြက်သား၊ ဘဲသားတို့ကို ရေခဲသေတ္တာတွင် အရက်အနည်းငယ်နှင့် အအေးခန်းတွင် (၂)(၆)လအကြာသာ ထားသင့်သည်။

အနီရောင် အသားများနှင့် ဝက်သား - ရေခဲသေတ္တာတွင် (၅)ရက်၊ အအေးခန်းတွင် (၄)လမှ (၁၂)လ။ လက်ကျန်အသားဟင်းများကို (၃) (၄)ရက် (ရေခဲသေတ္တာတွင်) အအေး ခန်းတွင် (၂)လမှ(၆)လ။

ကြက်၊ဘဲ - ရေခဲသေတ္တာထဲတွင် (၅)ရက်၊ အေးခဲထား မည်ဆိုပါက (၄)လမှ (၁၂)လ။

လက်ကျန်ချက်ထား သော အသားများသည် ရေခဲသေတ္တာ တွင် ၃-၄ရက်၊ အအေးခန်း...တွင် ၂-၆ လ။

စည်သွတ်ဘူးနှင့် ဟော့ဒေါ့ - လုံးဝ မဖွင့်ဘဲ ထားလျှင် (၂)ပတ်ကြာ၊ ဖွင့်ပြီးရေခဲသေတ္တာထဲ၌ထားလျှင် ၃-၄ ရက်အတွင်းစားပစ်သင့်သည်။ အအေးခန်း၌ (၁-၂)လခန့်ထားနိုင်သည်။

ဝက်ပေါင်ခြောက် - ရေခဲသေတ္တာထဲတွင် (၁) ပတ်ထားစားနိုင်သည်။ သို့သော် ဝက်၊ ကြက်အူချောင်း အစိမ်းကို (၂)ရက်အတွင်းစားပစ်သင့်သည်။ ဝက်ပေါင် ခြောက်ရော၊ ကြက်အူချောင်း(၂)မျိုးစလုံးကို အအေးခန်း တွင် (၁)လ ထားစားနိုင်သည်။

ကြက်ဥ၊ ဘဲဥအစိမ်းကို ရေခဲသေတ္တာထဲ၌ (၁)လ။

အကျက်ပြုတ်ထားသော ဥများကိုမူ (၁)ပတ်ထက် ပို၍ ထား၍မရပါ။

ကြက်ဥအကာ၊ ခေါက်ထားသော ကြက်ဥကို (၁)နှစ်ထား၍ စားသုံးနိုင်သည်။ ကြက်၊ တူနာငါး၊ ကြက်ဥ၊ ဘဲဥအသုတ်၊ ပါစတာတို့ကို ရေခဲသေတ္တာထဲတွင်၂-၃ရက် ထားနိုင်သော်လည်း အေးခဲထား၍တော့မရပါ။

Credit.....ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။