ဆေးဖက်ဝင် အမြစ်တစ်မျိုးဖြစ်တဲ့ ဂျင်းဟာဆိုရင် ဟင်းခတ် ပစ္စည်းအဖြစ် နိုင်ငံတော်တော်များများမှာ အသုံးပြုကြပါတယ်။ ရှေးယခင်ကတည်းက ဂျင်းမြစ်ကို အသုံးပြုပြီး ရောဂါ မျိုးစုံကို ကုသခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် အရမ်းကို အသုံးဝင်တဲ့ အမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဂျင်းမှာ ပါဝင်တဲ့ ဓာတ်တွေ ထဲကမှာ အချို့သောဓာတ်တွေက လူ့ခန္ဓာကိုယ်အတွက် များစွာ အထောက်အကူပေးနိုင်ပါတယ်။ ယနေ့တော့ ဂျင်းကို အသုံးပြုပြီး ဘယ်လိုရောဂါတွေကိုပျောက်ကင်းအောင်ကုသနိုင်တယ် ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) ဂျင်းမှာ ပါဝင်တဲ့ phenolic ဓာတ်တစ်မျိုးက အစာခြေ စနစ်ကို အထူးကောင်းမွန်စေပြီး အစာအိမ်မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့ပြင် အူမကြီး ကင်ဆာ ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၂) ဂျင်း ဖျော်ရည် နဲ့ ဂျင်းလက်ဖက်ရည်တို့ကို သောက်သုံးခြင်းဖြင့် ပျို့အန်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အတွက်လည်း အထူးကို သင့်လျော်ပြီး ပျို့အန်ခြင်းဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၃) မကြာခင်မှာ ဆောင်းတွင်းကို ရောက်ရှိခါတော့မှာ ဖြစ်လို့ အအေးမိခြင်းကို ကုသပေးနိုင်တဲ့ ဂျင်းလက်ဖက်ရည်ကို သောက်သုံးသင့်ပါတယ်။ ဂျင်းလက်ဖက်ရည်ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်း နွေးစေပြီး ချွေးထွက်စေတာကြောင့် အအေးမိခြင်းကို မဖြစ်အောင် ကာကွယ်တားဆီးနိုင်ပါတယ်။

(၄) အမျိုးသမီးတွေ ရာသီစက်ဝန်း အတွင်းမှာ ဖြစ်ပေါ်ခံစားရတဲ့ ကြွက်သားတွေ နာကျင် ကိုက်ခဲမှုဝေဒနာတွေကို လျော့ချပေးနိုင်လို့ အရမ်းကို ကောင်းမွန်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။

(၅) ကင်ဆာ ဆဲလ်တွေကြောင့် ဖြစ်ပွားလာတဲ့ နီမြန်း ရောင်းရမ်းခြင်းတွေကို လည်း သက်သာပျောက်ကင်းစေနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဂျင်းကတော့ အံမခန်းပါပဲ နော်..။

(၆) ဂျင်းက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုလက်စရောကို လျော့ကျစေပြီး သွေးlevelကို ထိန်းညိုပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဂျင်းလက်ဖက်ရည် ပြုလုပ်ပုံ

ဂျင်း အတက် တစ်ခုကို ပါးပါးလေးလှီးပြီး ရေနွေးပူထဲမှာ စိမ်လိုက်ပါ။ ပြီးရင်တော့ ဂျင်းဖက်တွေကို ဖယ်လိုက်ပြီး သံသပုရာသီး တစ်စိတ်ကို ထည့်လိုက်ပါ။ ဒါဆိုရင် ဂျင်းလက်ဖက်ရည်ကို သောက်သုံးလို့ရပါပြီ။ အခြားအနေနဲ့ ပျားရည်ကိုလည်း အရသာထူးခြားအောင် အနည်းငယ်ထည့်သောက်လို့ရပါတယ်။

ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေနော်။

Source: medicalnewstoday.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။