သနားစရာလည်းအရမ်းကောင်းတဲ့အဖြစ်ပါ။ ဒီဖြစ်စဉ်ကတော့ အမေရိကန်ပြည်ထောင်စုမှာဖြစ်ခဲ့တာပါ။ ဟော့ဒီဘက်ခေတ် ၂၀ရာစုပိုင်းမှာဆိုရင် သေဒဏ်ကျခံရသူတွေထဲမှာအငယ်ဆုံးပဲဖြစ်ပါတယ်။ နာမည်ကတော့ George Stinney Jrလို့ခေါ်ပြီး အာဖရိကန်နွယ်ဖွားတစ်ယောက်ပေါ့။ သူသေဒဏ်ကျခံရတဲ့အချိန်တုန်းကသူ့အသက်က ၁၄နှစ်လေးသာရှိပါသေးတယ်။ သူဟာ ၁၁နှစ်အရွယ် ဘတ်တီနဲ့ ၇နှစ်အရွယ် မာရီဆိုတဲ့ လူဖြူကလေးမနှစ်ဦးကို သတ်ဖြတ်ခဲ့သူအဖြစ် စွပ်စွဲခံခဲ့ရတာပါ။ 

ကလေးမနှစ်ယောက်ရဲ့အလောင်းကို George တို့အိမ်နားမှာတွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က လူဖြူလူမည်းခွဲခြားလွန်းတဲ့စနစ်ကြောင့် George တစ်ယောက်ကံဆိုးခဲ့ရတာပေါ့ဗျာ။ ဒီထက်ပိုကံဆိုးတာက သူ့ကိုအမိန့်ချပေးမယ့် ခုံရုံးကတရားသူကြီးတွေက လူဖြူတွေချည်းဖြစ်နေခဲ့တာပါပဲ။စဉ်းစားမရတာက လူကြီးတွေကို စွပ်စွဲလို့ရရဲ့သားနဲ့ ဘာလို့ဒီကလေးသတ်ပါတယ်ဆိုပြီးအတိကျစွတ်စွဲလဲဆိုတာကိုပါ။ ဒါ့အပြင်မိဘတွေကိုပါခြိမ်းခြောက်အကြပ်ကိုင်ထားပြီး ကလေးကိုလည်း မိဘတွေနဲ့တွေ့ခွင့်မပေးပဲထောင်ထဲမှာ (၈၁) ရက်လောက်ချုပ်နှောင်ဖမ်းဆီးထားခဲ့ပါတယ်။

အမိန့်ချတဲ့အခါမှာလည်း ရက်ရက်စက်စက် သေဒဏ်ချပစ်ခဲ့ပါတယ်။ ဆယ်ကျော်သက်ကလေးလေးရဲ့ခေါင်းကို ဗို့အား ငါးထောင်ကျော်လောက်ရှိတဲ့လျှပ်စစ်ကုလားထိုင်ထက်မှာ ဓာတ်ပေးပြီး အသက်ဇိဝိန် အခြွေခံခဲ့ရပါတယ်ဗျာ။ ဘာမှပြန်ပြောခွင့်တောင်မရှိဘဲနဲ့ပေါ့။ အရမ်းကိုပဲ ရက်စက်လွန်းပါတယ်။ Georgeလေးသေဆုံးပြီး နှစ်ပေါင်း၇၀လောက်ကြာပြီးမှ သေဒဏ်ကျခံရတဲ့ကလေးလေးမှာအပြစ်မရှိဘူးဆိုတာကို တောင်ပိုင်း ကယ်ရိုလိုင်းနားမှာရှိတဲ့ တရားရုံးက သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာလုပ်လို့ရတော့မှာလဲဗျာ။ ကလေးလေးဟာ လူမည်းတစ်ယောက်အဖြစ်မွေးဖွားလာရတာ သူ့အတွက်မဟာကံဆိုးမှုကြီးပဲလို့ပြောရတော့မပေါ့...။ RIP... George

Source: Kelvin Jurist Inanga

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။