ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုတွေထဲမှာ ဆိုးဆိုးရွားရွားလူသေဆုံးမှုတွေများစွာဖြစ်ပေါ်ခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုကတော့ နိုဝင်ဘာလ ၃၀ရက်နေ့ ဒီကနေ့မှာဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ ၎င်းယာဉ်တိုက်မှုကြီးကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် လက်ပန်ပင်ကျေးရွားအနီးတွင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဖြစ်စဉ်မှာ လက်ပန်ပင်ကျေးရွာအနီးရှိ အဝေးပြေးကားလမ်းပေါ်တွင်မောင်းနှင်လာသော ကုန်စည်တင်ထော်လာဂျီတစ်စီးအား ကုန်ကားတစ်စီးမှာဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ၄ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်းယာဉ်တိုက်မှုဖြစ်စဉ်တွေထဲက ဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်သလို လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုလည်းဖြစ်တာတွေ့ရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်တောင်ကြီး ရွာငံမြို့နယ် လက်ပန်ပင်ကျေးရွာအနီးယာဉ်တိုက်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Phyu Khaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။