နိမ့်ကျနေတဲ့ မြန်မာ့ပညာရေးစနစ်ကို ပြောင်းလဲစေဖို့ပြုလုပ်မှုတွေထဲမှာ နိုင်ငံတကာဘာသာတစ်ခုဖြစ်တဲ့ အင်္ဂလိပ်ဘာသာဟာလည်း အဓိကကျတဲ့ပညာရေးတစ်ခုပဲဖြစ်ပါတယ်။ ပြည်တွင်း အခြေခံပညာကျောင်းများစွာမှာ အဓိကလိုအပ်နေတဲ့ အင်္ဂလိပ်ဘာသာအတွက် နိုင်ငံခြားကျောင်းဆရာ၊ ဆရာမများရဲ့ သင်ကြားပို့ချမှုတွေကတော့ များစွာလိုအပ်လျှက်ရှိတာတွေ့ရပါတယ်။  

လက်ရှိပြည်တွင်း အခြေခံပညာကျောင်းအချို့တွင်လာရောက်သင်ကြားပို့ချလျှက်ရှိတဲ့အမေရိကန်နိုင်ငံခြားသား ဆရာ၊ ဆရာမများရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ မြန်မာ့ပြည်ရဲ့ ဓလေ့ရိုးရာတွေကို ချစ်မြတ်နိုးကြသူတွေဖြစ်သလို ပြည်တွင်းကိုးကွယ်ရာတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ယုံကြည်လေးစားသူတွေဖြစ်တာကိုတော့ သူတို့ရဲ့ အပြုမှုလေးတွေကဖော်ပြထားတာတွေ့ရပါတယ်။  

စိတ်သဘောထားဖြူစင်သူတွေဖြစ်တဲ့အပြင် ပညာသင်ကြားပို့ချရာမှာလည်း စေတနာ၊ ဝါသနာနဲ့ အနစ်နာခံဟူ၍ နာသုံးနာဖြင့်လုပ်ဆောင်ပေးခဲ့သူတွေဖြစ်ကြောင်း ဒေသခံပြည်သူများစွာရဲ့ပြောကြားချက်တွေအရ သိရပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးတွေနဲ့ ပြည်တွင်း မြန်မာ့အခြေခံကျောင်းများစွာမှာ လိုက်လံသင်ကြားပို့ချပေးနေတဲ့ အမေရိကန်နိုင်ငံခြားသား ဆရာ၊ ဆရာမလေးများရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - ဒေါ်အောင်ဆန်းစုကြည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။