နီးကပ်လာပြီဖြစ်တဲ့ ထွန်းထွန်းမင်းနဲ့ ဒေဝတို့ရဲ့ ပွဲစဉ်ကတော့ လက်တလောလက်ဝှေ့ချစ်ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အကြိမ်အနယ်ပွဲတစ်ပွဲဖြစ်တဲ့အပြင် ဒီဇင်ဘာလအတွက်အကောင်းဆုံးပွဲတစ်ပွဲဆိုလည်းမှားမယ်မထင်ပါဘူး။ အဆိုပါ ပြိုင်ပွဲအတွင် ထွန်းထွန်းမင်းကတော့ ၃လကျော်လေ့ကျင့်နေပြီး ပရိသတ်တွေလိုချင်နေတဲ့အဖြေတစ်ခုကို ပြန်လည်ရယူသွားမှာဖြစ်ကြောင်းသိရပါတယ်။  

အဆိုပါပြိုင်ပွဲကတော့ ယခုလာမည့် ဒီဇင်ဘာလ ၁၆ရက်နေ့မှာရန်ကုန်မြို့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မြန်မာ့လက်ဝှေ့ရဲ့ သမိုင်းတင်ပွဲကောင်းတစ်ပွဲလည်းဖြစ်လာမှာဖြစ်ကြောင်း ပြောကြားထားတာတွေ့ရပါတယ်။ ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ ချန်ပီယံဂုဏ်ကိုပြန်လည်ဆယ်ယူသွားမှာဖြစ်ပြီး ဒေဝရဲ့ အားနည်းချက်တွေကိုလည်း လေ့လာလျှက်ရှိကြောင်းသိရပါတယ်။  

အပြင်းအထန်ကြိုးစားမှုတွေပြုလုပ်နေပြီး မြန်မာ့လက်ဝှေ့လောကရဲ့ ချန်ပီယံခါးပတ်ကိုပြန်လည်သိမ်းပိုက်သွားမယ်ဆိုတဲ့ ထွန်းထွန်းမင်းရဲ့ ကြုံးဝါးမှုကတော့ မြန်မာ့လက်ဝှေ့ချစ်ဝါသနာရှင်တွေကို အားအင်တစ်ခုဖြစ်စေမှာအမှန်ပဲဖြစ်ပါတယ်။ လက်ရှိ ၃လကျော်ကြိုးစားလေ့ကျင့်မှုတွေက လုံလောက်တဲ့အထိရရှိနေပြီဖြစ်ပေမယ့် ဒေဝရဲ့ အားသာချက်တွေကိုလည်း ထပ်မံလေ့လာလျှက်ရှိကြောင်းသိရပါတယ်။ ပြည်တွင်းမြန်မာ့လက်ဝှေ့လောကမှာ မရှိခဲ့ဖူးတဲ့ နိုင်ငံခြားသားချန်ပီယံကို ပြန်လည်ဖြုတ်ချသွားမယ် ဆိုတဲ့ ထွန်းထွန်းမင်းရဲ့ ကြိုးစားအားထုတ်မှုပုံရိပ်တွေကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS -TUN MIN TUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။