လာမယ့်ဒီဇင်ဘာလ၁၂ရက်နေ့မှာတော့မြန်မာယူ၂၁အသင်းဟာဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။မြန်မာအသင်းရဲ့ပွဲစဉ်တွေကိုစောင့်မျှော်နေတဲ့ပရိတ်သတ်တွေအတွက်ကတော့အကြိုက်တွေ့စေမှာဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲမှာတော့အိမ်ရှင်ဗီယက်နမ်ယူ၂၁အသင်းအပါအဝင်မြန်မာ၊မလေးရှားနဲ့တောင်ကိုရီးယားယူ၂၁အသင်းတွေပါဝင်မှာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာဒီပြိုင်ပွဲအတွက်ပြည်တွင်းကလပ်အသင်းတွေနဲ့ခြေစမ်းပွဲတွေကစားခဲ့ပြီးအနိုင်ရခဲ့ပါတယ်။ဒီပြိုင်ပွဲကိုတော့နည်းပြချုပ်ဦးကြည်လွင်ကတာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။မြန်မာယူ၂၁အသင်းဟာဒီပြိုင်ပွဲမှာအာရှနဲ့အာစီယံထိပ်သီးအသင်းတွေနဲ့ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်အတွေ့ကြုံကောင်းတွေရမှာသေချာပါတယ်။ 

မြန်မာယူ၂၁အသင်းဟာလာမယ့်၂၀၁၉ဖိလစ်ပိုင်ဆီးဂိမ်းအတွက်ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့အသင်းဖြစ်ပါတယ်။ဆီးဂိမ်းပြိုင်ပွဲမှာအောင်မြင်မှုရဖို့အတွက်အချိန်ယူပြီးပြင်ဆင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။နိုင်ငံတစ်ကာအတွေ့အကြုံတွေရရှိဖို့အတွက်လွန်ခဲ့သောလပိုင်းအတွင်းကလည်းတရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။လာမယ့်ဆီးဂိမ်းပြိုင်ပွဲမှာအောင်မြင်ဖို့အတွက်ယခုဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲကနေအတွေ့ကြုံကောင်းတွေရမှာအသေချာပဲဖြစ်ပါတယ်။ဒီဖိတ်ခေါ်ဖလားပြိုင်ပွဲမှာလည်းဆူဇူကီးဖလားပြိုင်ပွဲမှာဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့မလေးရှားအသင်းကိုရှုံးကြွေးပြန်ဆပ်ဖို့အတွက်အခွင့်ကောင်းတစ်ရပ်ဖြစ်ပါတယ်။

PHOTO:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။