မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ငှက်ပျောသီးအခွံနဲ့ ပစ်ပေါက်ခဲ့တဲ့ စပါးပရိသတ်တဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။အာဆင်နယ်နဲ့ စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး အာဆင်နယ်က ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပွဲချိန်အစောပိုင်းမှာ အာဆင်နယ်အသင်း ရရှိခဲ့တဲ့ ပယ်နယ်တီကို အူဘာမီယန်းက သွင်းယူခဲ့ပါတယ်။  

ဂိုးသွင်းယူအပြီး စပါးအသင်း ပရိသတ်တွေရှေ့မှာ သွားရောက်အောင်ပွဲခံရာကနေ စပါးပရိသတ်တဦးက ငှက်ပျော်သီးခွံနဲ့ ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အာဖရိကက ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို လူမျိုးရေးခွဲခြားမှု တခုအနေနဲ့ ပြုလုပ်ခဲ့တာလို့ သိရပြီး စပါးအသင်းဘက်ကတော့ အဲဒီအပြုအမူဟာ လက်မခံနိုင်စရာဖြစ်ပြီး ပွဲကြည့်ခွင့် ပိတ်ပင်တဲ့အထိ အရေးယူခံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ 

အာဆင်နယ်နဲ့ စပါးပွဲစဉ်မှာ စုစုပေါင်း ပရိသတ် ၇ ဦး အဖမ်းခံခဲ့ရတာပါ။စပါးပရိသတ်တွေဘက်ကို မီးခိုးဗုံးပစ်ခဲ့တဲ့ အာဆင်နယ်ပရိသတ်နှစ်ဦး အဖမ်းခံခဲ့ရသလို အများပြည်သူပိုင်တဲ့ အရာဝတ္ထုတွေကို ဖျက်ဆီးခဲ့တဲ့ ပရိသတ်လေးဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။အက်ဖ်အေအနေနဲ့ စီစီတီဗွီကနေ ပြည်လည်ကြည့်ရှုပြီး အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

source: DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။