ဒီဇင်ဘာလ ၂ရက်နေ့ တနင်္ဂနွေနေ့ညကဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် စိန်ကန့်လန့်ရွာရှိ ရွှေကြီးမြင့်ဘုရားပွဲအတွင်း ယာဉ်တိုက်မှုသတင်းကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ဖြစ်စဉ်ကတော့ ည ၇နာရီကျော်လောက်တွင် ဘုရားပွဲအတွင်း ဝါးများတင်ဆောင်လာသော ဖောကားတစ်စီး ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၅ဦးသေဆုံးခဲ့ပြီး အယောက်၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ သေဆုံးသူ ၅ဦးမှာတော့ ကျား ၂ဦးနှင့် မ ၃ဦးဖြစ်ကြောင်း သိရပါတယ်။ ၎င်း သေဆုံးသူ ၅ဦးအနက် ၉နှစ်အရွယ်သမီးငယ်လေးတစ်ဦးလည်းပါဝင်ခဲ့ပြီး စည်ကမ်းမဲ့မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ပွဲခင်းအတွင်း လာရောက်လည်ပတ်သူအချို့ရဲ့ ပြောပြမှုအရသိရပါတယ်။ သေဆုံးသူသမီးလေး မနန်းရွှေရည်မြင့်အောင်ရဲ့ ပုံရိပ်လေးတွေကတော့ စိတ်မကောင်းစရာတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။  

သေခြင်းတရားရဲ့ ခေါ်ဆောင်ရာကို အချိန်မရွေးနေရာမရွေးလိုက်ပါရတဲ့ အဖြစ်အပျက်တစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။ သနားစရာအဖြစ်အပျက်တစ်ခုဖြစ်တဲ့ သမီးလေးမနန်းရွှေရည်မြင့်အောင်ရဲ့ ပုံရိပ်လေးတွေနဲ့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ပွဲအတွင်းမှပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။