ဆူဇူကီးဖလားပြိုင်ပွဲမှာမြန်မာအသင်းအတွက်ခြေစွမ်းပြဂိုးတွေအပြင်အသင်းအတွက်အဓိကကစားသမားအောင်သူကိုတော့နာမည်ကြီးဂျပန်ကလပ်တွေကခေါ်ယူဖို့ကြိုးစားနေတာပါ။လက်တလောကဂျပန်ထိပ်သီးကလပ်အသင်းတစ်သင်းကခေါ်ယူဖို့ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပြီး အပြီးသတ်ညှိနှိုင်းမှုများပြုလုပ်ရန် ဂျပန်ဂျေလိဂ်ကလပ် ဆာပေါ်လိုအသင်းမှတာဝန်ရှိသူများသည် ယနေ့ရောက်လာမည်ဖြစ်ကြောင်းသိရပါတယ်။

ဆာပေါ်လိုအသင်းဟာအသက် ၂၂ နှစ်ရှိအရွယ်ရှိ အောင်သူအားခေါ်ယူရန် နှုတ်အားဖြင့်် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းသိရပြီး အပြီးသတ်ညှိနှိုင်းမှုများကို ယနေ့ပြုလုပ်ရန်ရှိနေခြင်းဖြစ်သည်။ဆာပေါ်လိုအသင်းမှာ ပြီးခဲ့သည့်ရာသီတွင် ဂျေလိဂ်အဆင့် ၄ နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့သည့်အသင်းဖြစ်ပါတယ်။အောင်သူအနေနဲ့ဆာပေါ်လိုအသင်းကိုသာပြောင်းရွေ့ခဲ့ပါကဂျပန်မှာပထမဆုံးကစားခွင့်ရတဲ့မြန်မာကစားသမားဖြစ်လာမှာပါ။

အောင်သူ့ကိုဂျပန်လိဂ်၂မှအသင်းတွေအပြင်ထိုင်းထိပ်သီးကလပ်အသင်းတွေကလည်းအောင်သူကိုခေါ်ယူဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဆာပေါ်လိုအသင်းမှာထိုင်းလက်ရွေးစင်အသင်းမှအဓိကကစားသမားချာနာသေပ့်လည်းကစားနေပြီးအောင်သူရောက်လာပါကအာစီယံထိပ်သီးကစားသမားတိုက်စစ်အတွဲကိုမြင်ရဖို့ရှိနေတာဖြစ်ပါတယ်။အပြောင်းအရွေ့တွေတစ်ကယ်ဖြစ်လာမလားဆိုတာတော့ဆက်လက်တင်ဆက်ပေးမှာဖြစ်တာကြောင့်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:Up To Date Myanmar Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။