ဒီအမျိုးသားရဲ့ နာမည်ကတော့ Yagya Bahadur Katuwal ပဲဖြစ်ပါတယ်။

သူဟာ နီပေါနိုင်ငံသားတစ်ဦးဖြစ်ပြီး သူရဲ့အသက်ကတော့ ၃၅ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ ဒီအမျိုးသားကိုလူတွေသိလာရတဲ့အဓိကအကြောင်းအရင်းကိုပြမယ်ဆိုရင်တော့ သူ့ရဲ့လျှာကြောင့်ပဲဖြစ်ပါတယ်။  

သူ့ရဲ့လျှာဟာ အရမ်းကိုရှည်လျားလှသလို နှာခေါင်းတို့မျက်လုံးတို့ကိုပါ ကျော်ပြီး မျက်ခုံးမွှေးကိုပါထိနိုင်လောက်အောင်ရှည်လျားလှပါတယ်။

ဒါ့အပြင် ဒီအမျိုးသားဟာ သူ့ရဲ့လျှာအရှည့်ကြောင့်ပဲ ဂင်းနစ်စံချိန်တင်ဆုကြီးကိုလည်း ဆွတ်ခူးရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ 

သူကတော့ လူအများကိုပျော်ရွှင်စေချင်တဲ့ စိတ်ကလေးနဲ့ အမြဲလျှာထုတ်ပြပြီး မျက်နှာကို ပုံစံအမျိုးမျိုးလုပ်ပြတတ်ပေမယ့် တချို့ကလေးတွေကတော့ သူလုပ်ပြနေတဲ့ပုံတွေကိုကြည့်ပြီး မျက်ရည်ပင်လယ်ဝေသွား တတ်ကြပါတယ်။

တချို့လူတွေကတော့ သူ့ကိုလူထူးဆန်းလို့ခေါ်ဆိုကြပေမယ့်လည်း တချို့သူတွေကတော့ သူ့ကိုဝေဖန်ပြောဆိုကြသဆို သူ့ရဲ့ထူးခြားတဲ့လျှာကြောင့်ပဲ သူ့ကိုချစ်ခင်သူတွေလည်းရှိနေကြပါတယ်။

ပရိသတ်တွေလည်း သူ့ရဲ့ပုံပန်းသဏ္ဍန် သူ့ရဲ့ထူးခြားမှုကိုမြင်တွေ့ရတဲ့အခါ ရင်ထဲကဖြစ်ပေါ်လာတဲ့ခံစားမှုလေးတွေကိုပြောပြခဲ့ကြဦးနော်။ 

source -Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။