လူမှုကွန်ယက်ပေါ်မှာတော့ McDonald ဆိုင်တစ်ဆိုင်ရဲ့အပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးရန်ပွဲတစ်ခုဟာ ရှော့ရစရာအဖြစ်အပျက်တစ်ခုအဖြစ် လူအများကစိတ်ဝင်စားခဲ့ကြပါတယ်။

ဒီရန်ပွဲကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ကမှာဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးအချင်းချင်း ဘယ်သူမှတားမရအောင် ရန်ပွဲဆင်နွှဲနေတာကြီးက တချို့သူတွေအတွက်တော့ ကြည့်ရဆိုးတဲ့အဖြစ်အပျက်ကြီးတစ်ခုဖြစ်စေခဲ့ပါတယ်။ 

ဒီရန်ပွဲဖြစ်ချိန်မှာ ရိုက်ကူးမိထားတဲ့ဗီဒီယိုလေးထဲမှာဆိုရင်လည်း တကယ့်ကိုဒေါသတကြီးနဲ့ အမျိုးသမီးလေးတွေဟာ တစ်ဦးဆံပင်တစ်ဦးဆွဲပြီး ဘေးကလူတွေဝိုင်းဆွဲတာတောင်မရဘဲ ခိုက်ရန်ဖြစ်ပွားနေကြပါတယ်။

ဒါ့အပြင် ရန်ဖြစ်ရင်း လဲကျသွားတဲ့ အမျိုးသမီးရဲ့မျက်နှာကို ခြေထောက်တွေနဲ့ဖြတ်ကန် နေတာကိုလည်းတွေ့ရပါတယ်။  

ဘာတွေများအညှိုးရှိလို့ ဒီလောက်တောင် တစ်ယောက်နဲ့တစ်ယောက် သတ်ပုတ်နေကြသလဲဆိုတာ စဉ်းစားမရအာင်ပါပဲ။

အဲ့ဒီနောက်မှာတော့ တားမရတဲ့အဆုံး ရဲတပ်ဖွဲ့ကိုအကြောင်းကြားပြီး ရဲတွေလာခွဲပေးတော့မှသာ သူတို့ရဲ့ရန်ပွဲက ပြီးဆုံးခဲ့ပါတယ်။

ရန်ပွဲပြီးဆုံးချိန်မှာတော့ ကြမ်းပြင်ပေါ်လဲကျသွားတဲ့ အမျိုးသမီးလေးရဲ့မျက်နှာဟာ ဖြတ်ကန်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဖူးယောင်ပြီး စုတ်ပြတ်နေခဲ့တယ်လို့သိရပါတယ်။  

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။