Gal Gadot ဆိုတဲ့ မင်းသမီး အများသိတာက Wonder Woman သူမဟာ Fast and Furious, Fast Five, Fast and Furious 6, Fast Seven စသဖြင့် ကားပေါင်းများစွာကိုလဲ ရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ လူသိများလာတဲ့ ကားကတော့ Wonder Woman ပဲဖြစ်ပါတယ်။ သူမဟာ Wonder Woman အဖြစ် BvS ကားမှာစတင်ပါဝင်ခဲ့ပါတယ်။

Wonder Woman တစ်ယောက် “Ralph Breaks The Internet” ဆိုတဲ့ကားမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမအသံသရုပ်ဆောင်ထားတဲ့ Character Name ကတော့ Shank ဆိုတဲ့ ရဲရင့်တဲ့ကောင်မလေးတစ်ယောက်အဖြစ်တွေ့ရမှာဖြစ်ပါတယ်။Shank ဆိုတဲ့ကောင်မလေးဘယ်လောက်တောင်ရဲရင့်ပြီး ဘယ်လိုတွေကားမောင်းမလဲဆိုတာ ဇာတ်ကားထဲမှာ Wonder Womanနဲ့လိုက်အောင်တေ့ွရမှာပဲဖြစ်ပါတယ်။ 

Gal Gadot ရဲ့ “Ralph Breaks The Internet” ဆိုတဲ့ Animation ကာတွန်းကားဟာဆိုရင် UK မှာပထမဆုံးပြသခဲ့ပါတယ်။သူမနဲ့အတူရုပ်ရှင်သရုပ်ဆောင်တချို့ဟာထိုပွဲကိုတက်ရောက်ခဲ့ကြပါတယ်။သူမဟာခုချိန်မှာ Wonder Women 2 ကိုရိုက်ကူးလျက်ရှိနေပြီး ၂၀၂၀ မှာပြသမှာဖြစ်တာမို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ကြတာပေါ့…။ သူမတက်ရောက်ခဲ့တဲ့ ပွဲက ပုံတချို့ကိုလဲမျှေ၀ ပြသလိုက်ပါတယ်နော်..။

Source : Gal Godat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။