Football လောကရော Model လောကမှာရောအပြင် တခြားသောလောကများတွင်ပါ နာမည်ကြီး လူကြိုက်များတဲ့ David Beckham ဟာဆိုရင် ဇနီးချောလေး Victoria Beckhamနဲ့အတူ ပျော်ရွှင်ကြည်နူဖွယ် မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။သူ့မှာသားသမီးလေးယောက်ရှိကာ အငယ်ဆုံးမှာ သမီးလေးဖြစ်ပြီ ကျန်တာ သားယောကျ်ားလေးတွေဖြစ်ပါတယ်။

Beckham ဟာ ၄ရက်နေ့ညက Haig Club ရဲ့ House Party သူရဲ့ ချစ်ဇနီး Victoria နဲ့ အကြီးဆုံးသား Brooklyn တို့နှင့်အတူတက်ရောက်ခဲ့ပါတယ်။ ထို Party မှာဝတ်ဆင်ခဲ့တဲ့ Victoria ရဲ့Fashion ကတော့ Beckhamကို သဝန်တိုစေနိုင်လောက်ပါတယ်။သူရဲ့သားအကြီး Brooklyn ကတော့ ပေါ့ပေါ့ပါးပါးပဲ ဝတ်ဆင်ခဲ့ပါတယ်ခဗျ။

Beckham ဟာ American Football Club ကိုပိုင်ဆိုင်ထားပါတယ်။ ခုချိန်မှာတော့သူဟာ တခြားနာမည်ကြီး Brand များစွာနဲ့ စာချုပ်ချုပ်ဆိုကာ ကမ္ဘာဝင်ငွေအကောင်းဆုံး စာရင်းထဲမှာလည်း ပါဝင်လျက်ရှိပါတယ်။ Beckham တို့ သုံးယောက် Party ပွဲတို့တက်ရောက်ခဲ့တဲ့ ပုံတချိ့ကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်…။

Source : Mirror New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။