မြန်မာအသင်းရဲ့အဓိကနောက်ခံကစားသမားတစ်ယောက်ဖြစ်ပြီးရန်ကုန်ယူနိုက်တက်အသင်းနဲ့တူတူအောင်မြင်မှုတွေသရဖူးဆောင်းနိုင်ခဲ့တဲ့ဇော်မင်းထွန်းကတော့ချောင်ဘူရီအသင်းကိုပြောင်းရွေ့သွားခဲ့ပါပြီ။အစောပိုင်းထဲကသတင်းတွေထွက်နေခဲ့ပေမယ့်လည်းခုမှသာတရားဝင်ဖြစ်ခဲ့ပြီးဆေးစစ်နေတာဖြစ်ပါတယ်။ဇော်မင်းထွန်းကတော့ချောင်ဘူရီအသင်းမှာကျောနံပတ်ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

သိပ်မကြာသေးခင်ကပဲမြန်မာအသင်းရဲ့ကွင်းလယ်ကစားသမားစည်သူအောင်လည်းချောင်ဘူရီအသင်းကိုရောက်ခဲ့တာပါ.ဒါကြောင့်ထိုင်းကလပ်အသင်းတွေထဲမှာပထမဆုံးမြန်မာကစားသမားနှစ်ယောက်ကိုတွေ့ဆုံရတော့မှာဖြစ်ပါတယ်.ချောင်ဘူရီအသင်းကလည်းထိုင်းထိပ်သီးကလပ်အသင်းဖြစ်ပြီးအောင်မြင်မှုတွေရရှိတဲ့အသင်ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ဆူဇူကီးဖလားပြိုင်ပွဲမှာအကောင်းဆုံးခြေစွမ်းပြတဲ့မြန်မာကစားသမားတွေကိုထိုင်းထိပ်သီးအသင်းတွေကပစ်မှတ်ထားခေါ်ယူခဲ့ကြတာပါ။ဇော်မင်းထွန်းကတော့ပြီးခဲ့တဲ့ဘောလုံးရာသီထဲကထိုင်းလိဂ်ကိုပြောင်းဖို့ကြိုးစားခဲ့ပေမယ့်အကြောင်းအမျိုးမျိုးကြောင့်လွဲချော်ခဲ့တာပါ။ခုမှာတော့တရားဝင်ဆေးစစ်ပြီးချောင်ဘူရီအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြမယ့်ဇော်မင်းထွန်းရဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

PHOTO:Zaw Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။