ကိုးလလွယ်၊ ဆယ်လဖွားဆိုတဲ့ စကားအတိုင်း အမျိုးသမီးများမီးဖွားရတဲ့အခါအလွန်ပင်ခက်ခဲ ကြမ်းတမ်းလှပါတယ်။ မီးဖွားပြီးတဲ့အချိန်မှာလည်း မိမိမွေးဖွားတဲ့ကလေး ကျန်းမာစွာနဲ့ မွေးဖွားလာရဲ့ လားဆိုတာ သိချင်တဲ့အချိန်အခိုက်အတန့်ဟာ ကမ္ဘာပေါ်ကမိဘတိုင်းမှာရှိခဲ့တဲ့ ရင်ခုန်စိတ်အလှုပ်ရှားရဆုံးအချိန်ပဲ ဖြစ်ပါတယ်။

ဒီတစ်ခါဖော်ပြပေးချင်တာကတော့ မွေးဖွားချိန်ထက် ၁၂ပတ်စောပြီးမွေးဖွားလာကာ ကိုယ်အလေးချိန်ပေါင် 0.8ပေါင်ပဲရှိခဲ့ပါတယ်။ ထိုကလေးလေးရဲ့ အမည်ကတော့ Manushiလို့ခေါ်ပြီး မွေးကာစအချိန်မှာ အလွန်နည်းလွန်းတဲ့ ကိုယ်အလေးချိန်ကြောင့် အသက်ရှင်နိုင်ခြေအလွန်နည်းတယ်လို့ ဆရာဝန်များ မှတ်ချက်ချခဲ့ပါတယ်။ သို့သော်လည်း Maushi လေးဟာ ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် ယခုအချိန်အထိ အသက်ရှင်နေနိုင်ခဲ့ပါတယ်။ 

Maushiလေးယခုလိုလမစေ့ပဲ စောပြီး မွေးဖွားလာရခြင်းမှာ ကိုယ်ဝန်လွယ်ထားရတဲ့ အသက်၄၆ နှစ်အရွယ် မိခင်ရဲ့ ရုတ်တရက် ဆောင့်တက်လာတဲ့ သွေးအားကြောင့်ဖြစ်ပြီး အဆိုပါအခြေနေမျိုးမှာ မိခင်နှင့်ကလေးနှစ်ဦးလုံး အသက်အန္တရာယ်မှ လွတ်မြောက်ရန်အတွက် လမစေ့ပဲ ခွဲမွေးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ Maushiလေးဟာ ယခုအခါမှာတော့ ၆လသားအရွယ်ရောက်နေပြီဖြစ်ပြီး ဆေးရုံမှဆင်းခွင့်လည်းရသွားပြီဖြစ်ပါတယ်။

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။