အမေရိကန်စစ်လေယာဉ်နှစ်စီးကတော့ ဒီဇင်ဘာလ ၆ ရက်နေ့ ယနေ့မှာ ဂျပန်ကမ်းလွန်ပြင်လယ်မှာ အချင်းချင်းတိုက်မိခဲ့တယ်လို့သိရပါတယ်။

၎င်းလေယာဉ်နှစ်စင်းတိုက်မိတဲ့အချိန်ကတော့ ဒေသံစံတော်ချိန် မနက် ၂ နာရီဝန်းကျင်လောက်ကဖြစ်ပြီး သူတို့တိုက်မိတဲ့နေရာဟာ ဂျပန်ကမ်းလွန်ကနေ မိုင် ၂၀၀ လောက်အကွာအဝေးမှာရှိနေပါတယ်။  

ယခုလို အချင်းချင်းပြန်လည်တိုက်မိခဲ့တဲ့ဖြစ်ရပ်ကြောင့် ၎င်းလေယာဉ်နှစ်စီးပေါ်လိုက်ပါလာတဲ့ မရိန်းတပ်သား ၇ ဦးထဲက ၁ ဦးကိုသာကယ်ဆယ်နိုင်ခဲ့သေးပါတယ်။

ကျန်တဲ့ ၆ ဦးကတော့ လက်ရှိအချိန်မှာပြောက်ဆုံးနေဆဲဖြစ်ပြီး သူတို့ကို ရှာဖွေကယ်ဆယ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။  

အမေရိကန်တာဝန်ရှိသူတွေကတော့ ယခုဖြစ်ရပ်ကို ၎င်းလေယာဉ်နှစ်စီးဟာ လောင်စာဖြည့်တင်းတဲ့ လေ့ကျင့်ခန်းလုပ်ဆောင်စဉ် အမှားအယွင်းဖြစ်ပြီး တိုက်မိတာဖြစ်နိင်တယ်လို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။