Bojana Danilovic လို့ခေါ်တဲ့ အမျိုးသမီးဟာ လူ ဆယ်သိန်းမှာ တစ်ယောက်ဖြစ်ခဲလှတဲ့ ရောဂါဆန်းတစ်မျိုးကို ခံစားနေရပါတယ် ။ ဒီရောဂါကတော့ ဘယ်အရာကို မဆို ပြောင်းပြန် မြင်နေရတာ ဖြစ်ပြီး ဒီရောဂါကိုတော့ Spatial orien-tation phenomenon ဟုခေါ်ပါတယ်။ ဆားဘီးယားနိုင်ငံမှာ နေထိုင်တဲ့ ထိုအမျိုးသမီးဟာ ဦးနှောက်ပိုင်း ဆိုင်ရာရောဂါတစ်မျိုးကို ခံစားနေရတယ်လို့ အာရုံကြော အထူးကုတွေက ပြောကြားထားပါတယ်။ 

ဒီရောဂါမျိုးဟာ မျက်လုံးနဲ့ မဆိုင်ပဲ မျက်လုံးနဲ့ အရာဝတ္ထုတွေကိုအတည့်သာ မြင်ရပေမယ့် ဦးနှောက်က ပုံရိပ်များကို ပြောင်းပြန်မြင်ရအောင် ပြောင်းလဲပေးလိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အာရုံကြော အထူးကု တွေကလည်း သူမရဲ့ ရောဂါကို ကုသပေးဖို့ အတွက် နည်းလမ်းတွေ ရှာဖွေနေကြတာလည်း ဖြစ်ပါတယ်။ ဘယ်အရာကို မှ အတည့်မမြင်ရတဲ့ သူမအဖို့ နေထိုင်ရတာ အစပိုင်းမှာ မလွယ်ကူခဲ့ပါဘူး။ 

သတင်းစာ၊ စာအုပ်ဖတ်ရင်လည်း ပြောင်းပြန်ဖတ်မှ အတည့်မြင်ရပြီး ယုတ်အစွဆုံး တီဗွီ ကြည့်ရင်တောင် ပြောင်းပြန်ကြည့်ရတာလည်း ဖြစ်ပါတယ်။ သူမဟာ ယခုလက်ရှိမှာတော့အစိုးရရုံးတစ်ရုံး မှာ အလုပ်လုပ်ပြီး သူမအတွက် အထူး ပြုလုပ်ထားသော ကွန်ပျူတာ ဖန်သားပြင် ပြောင်းပြန်ပုံစံနှင့် Keyboard ပြောင်းပြန် ပုံစံကိုသာ အသုံးပြုခွင့်ပေးထားတယ်လို့ လည်း သိရပါတယ်။  

Source : Nay Kha yan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။