ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ လူသားတွေရဲ့ အံ့မခန်းတီထွင်ကြံဆနိုင်တဲ့ စွမ်းရည်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီလို စွမ်းရည်တွေထဲမှာမှ ချီးကျူးရလောက်တဲ့ စွမ်းရည် တစ်ခုအကြောင်းကို ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။ အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ်ရှိ

ကေးဝက်စ်မှာ လူတိုင်း အံ့အားသင့်သွားစေတဲ့ ဘားဆိုင်လေး တစ်ခု ရှိပါတယ်။ 

ဒီဆိုင်လေးမှာ ပုံပြင်ဆန်ဆန် ဇာတ်လမ်း တွေရှိခဲ့ပြီး ၁၈၅၀ခုနှစ်ကစပြီး ဒီနေရာလေးမှာ မိမိကိုယ်ကို သတ်သေတဲ့ နေရာအဖြစ် အမေရိကန်သမိုင်းမှာ လူသိများခဲ့တဲ့ နေရာလဲ ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းများအရ ဒီအပင်ကြီးဟာ ဆွဲကြိုးချ သတ်သေတဲ့သူ အနည်းဆုံး လူ ၇၅ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ ဒီနေရာလေးကို ဘားအဆိုင်အဖြစ် ပြောင်းလဲ ပစ်ခဲ့ပါတယ်။  

ယခုအခါမှာတော့ ဘားဆိုင်ကို လာလည်တဲ့ ဧည့်သည်တွေဟာ ဒီအပင်ကြီးကို သတိထားမိကြပြီး သမိုင်းမှာ လူတွေရဲ့ အသက်ကို နှုတ်ယူခဲ့တဲ့ အပင်ကြီးကို နားခိုရာ အဖြစ်ပြောင်းလဲခဲ့တဲ့အပေါ် မချီးကျူးပဲ မနေနိုင်ဘူးလို့လည်း ပြောကြားထားပါတယ်။ ပရိသတ်ကြီးအတွက် အခုလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါအုန်းနော်။  

Source : Thuta Swal Sone Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။