နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Blackberry ဟာဆိုရင်တော့ ဈေးကွက်ထဲကို ဝင်ရောက်လာတော့မယ့် ဖုန်း အသစ်ကို ထပ်မံချပြတော့မှာပဲ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ ဘက်ထရီပမာဏဟာ 4000 mAh ပမာဏတောင် ပါဝင်နိုင်လာမှာပဲ ဖြစ်ပါတယ်။ အရင်ကလည်း ဒီဖုန်းနဲ့ ပတ်သတ်ပြီး အချက်အလက် အချို့ပေါက်ကြားခဲ့ပေမယ့်လည်း ဘက်ထရီပမာဏတော့ မပါဝင်ခဲ့ပါဘူး။

ဒါပေမယ့် အခုတစ်ခါမှာ @evleaks ကနေပဲ Blackberry Ghost နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အသေးစိတ်ကို ထပ်မံဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။CPU ပိုင်းမှာဆိုရင်လည်း Snapdrgon 625 SoC ကို အသုံးပြုထားပေးပြီး မျက်နှာပြင်ပိုင်းမှာဆိုရင် ltra narrow frame နဲ့ 18:9 display ကို အသုံးပြုပေးထားပါတယ်။ 

Blackberry က ထုတ်လုပ်ထားတဲ့ ဒီဖုန်းဟာ ဈေးကွက်ထဲကို ရောက်မယ့် ရက်အတိအကျတော့ ထုတ်ပြန်မကြေငြာရသေးပေမယ့်လည်း Blackberry Ghost အပြင် Ghost Pro ပါ ထွက်၇ှိလာမယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးအတွက် နည်းပညာသတင်းတွေ ကို၇ှာဖွေ တင်ဆက်ပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်၇ှုပေးပါအုန်းနော်။

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။