Rap လောကမှာ ကြီးမိုးအုပ်စိုးထားတဲ့ Rapper တွေအများကြီး ရှိပါတယ်။ Rapper တွေရဲ့ထုံးစံအတိုင်း သူတို့ဟာ သီးချင်းတွေထဲမှာ အမြဲတမ်းလိုလို အပြန်အလှန် ဖဲ့စောင်းဆိုနေကြတာ များပါတယ်။ Rapတို့ရဲ့ God ဖြစ်တဲ့ Eminem ဟာဆိုရင် မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Album ကတော့ Kamikaze ဖြစ်ပါတယ်။သူဟာ အဲ့Album ထဲမှာ ဘယ်သူကိုစောင်းပြောထားမလဲ မသိဘူးနော်..။ 

ယင်း Album ထဲတွင် သီချင်းပေါင်း 13 ပုဒ် ပါပါတယ်။ Album ထဲက သီချင်းတိုင်ကတော့ MTV မထွက်ရသေးပါဘူး ။ သီချင်းပုင်္ဒအနည်းငယ်ကိုသာ MTV ထွက်ရှိထားပါသေးတယ်။ ခုချိန်မာတော့ သူရဲ့ Album ထဲက တစ်ပုဒ်ဖြစ်တဲ့ “Good Guy” ဆိုတဲ့ သီချင်းကို လာမဲ့ သောကြာနေ့မှာ ထွက်ရှိပါမယ်လို့ သူရဲ့ Twitter စာမျက်နာပေါ်မှာ ဖော်ပြခဲ့ပါတယ်ဗျာ။ 

Eminem ဟာ အရင်ကလဲ Album ပေါင်းများစွာကို ထုတ်ဝေခဲ့ပြီ ထွက်သမျှ Album တိုင်းဟာအောင်မြင်ခဲ့ပါတယ်။ သူရဲ့လူကြိုက်များတဲ့ သီချင်းအချို့ကတော့ Not Afraid,Lose Yourself,The Real Slim Shady စသဖြင့်များစွာ ရှိပါတယ်။ Rap God ဆိုတဲ့ သီချင်းဟာလည်း လူငယ်တွေရဲ့ရင်ဘက်နဲ့အညီ အကြိုက်တွေစေခဲ့ပါတယ်ဗျာ။ သူရဲ့ခု သောကြာနေ့မှာ ထွက်ရှိလာမဲ့ “Good Guy” သီချင်းကို ဘယ်လိုမျိူး ရိုက်ကူးထားလဲဆိုတာ ပရိတ်သတ်တို့ စောင့်မျှော်ကြည်ရှုလှည်ပါ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။