လာမယ့်၂၀၁၉မှာတော့မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးကိုပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ဒီနှစ်ပြိုင်ပွဲပြီးကတော့၁၀နှစ်မြောက်ကျင်းပမှာပဲဖြစ်ပါတယ်.။၂၀၀၉ခုနှစ်မှာMNL CUPဆိုတဲ့အမည်နဲ့စတင်ကျင်းပခဲ့ပြီးပရိတ်သတ်တွေကွင်းလုံးပြည့်နဲ့အကြိတ်နယ်ရှိတဲ့ပွဲကောင်းတွေပရိတ်သတ်တွေတွေ့ခဲ့ရတာပါ။ပွဲစဉ်တိုင်းကိုလည်းကွင်းလုံးပြည့်အားပေးခဲ့ကြပြီးပရိတ်သတ်တွေစိတ်ဝင်စားဆုံးဖြစ်ခဲ့ရတာပါ။

ပထမဆုံးစတင်တဲ့နှစ်မှာပဲရတနာပုံအသင်းကချန်ပီယံဖြစ်ခဲ့တာပါ။အဲ့နေ့ကိုတော့ခုချိန်ထိပရိတ်သတ်တွေမမေ့နိုင်မှာအသေချာပါ။နောက်နှစ်တွေမှာတော့မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဟာပရိတ်သတ်တွေစိတ်ဝင်စားမှုလျော့နည်းခဲ့တာပါ။ယခုအချိန်မှာအသင်းတိုင်းနီးပါးဟာအိမ်ကွင်းတွေရှိလာကြပေမယ့်ပရိတ်သတ်တွေကတော့လျော့နည်းနေတုန်းပါ။

မြန်မာနေရှင်နယ်လိဂ်ကျင်းပခဲ့တာဟာဘောလုံးကစားသမားအသစ်တွေကိုမွေးထုတ်ပေးနိုင်ခဲ့တာပါ။လူငယ်အကယ်ဒမီတွေများလာပြီးလက်ရွေးစင်အသင်းကိုအထောက်ကူပြုနိုင်တာပါ။အကြီးမားဆုံးအောင်မြင်မှုအဖြစ်မြန်မာယူ၁၉အသင်းကမ္ဘာဖလားဝင်ခွင့်ရရှိခဲ့တာပါ။ဒီနှစ်ကျင်းပမယ့်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးကတော့စိန်ခေါ်မှုတွေနဲ့အပြည့်ဖြစ်နေမှာပါ။ကလပ်အသင်းတွေရဲ့အဓိကကစားသမားတွေကပြည်ပကိုထွက်ကစားတာကြောင့်ထိုကစားသမားတွေနေရာမှာအစားထိုးဖို့လိုအပ်နေတာဖြစ်ပါတယ်။လူငယ်ကစားသမားတွေလည်းနေရာရလာနိုင်ပြီးတစ်ချိန်မှာနိုင်ငံအသင်းရဲ့အားကိုးရတဲကစားသမားတွေဖြစ်လာနိုင်ဖို့မျှော်လင့်ရင်းနဲ့တင်ဆက်ပေးလိုက်ကပါတယ်။

PHOTO:Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။