ခုခေတ်မှာ လက်လုပ်လက်စား အလုပ်သမားတွေကိုတော့ မပြောလိုပါဘူး။ လခစား ဝန်ထမ်းတွေ အဖြစ်များတတ်တဲ့ ကျန်းမာရေးချို့ယွင်းချက် တစ်ခုဆိုတာ သတိထားမိဖို့လိုပါတယ်။ဒါပေမဲ့ တစ်ခြားသော အလုပ်သမားတွေဖြစ်ကြတဲ့ ကားဆရာ၊ပြီးတော့ တီဗီအများကြီးထိုင်ကြည့်နေခြင်းတွေ ကလည်းတစ်နေရာတည်းမှာ အချိန်ကြာကြီးအထိုင်များနေတာမို့ သတိထားသင့်ပါတယ်။ဒီလိုလူတွေဟာ အများအားဖြင့် အဝလွန်ခြင်း၊ နှလုံးရောဂါ အပြင်ဆီးချိုရောဂါတွေကိုလည်း ခံစားနိုင်ခြေများပါတယ်။ 

ပြီးတော့ ဒီလိုအထိုင်များတဲ့သူတွေဟာ ဦးနှောက်အတွင်း အောက်ဆီဂျင်ပြည့်ဝတဲ့တွက် ကုပ်ကျောရိုး အပေါ်ဖိအားရောက်စေပြီး ဇက်ကြောဝေဒနာ တွေခံစားရတတ်ပါတယ်။ဒါဟာ ကြာလာရင်တော့ ကြွက်သားတွေပျက်စီးလာနိုင်ပါတယ်။ခါးတွေမှာလည်း နာလာနိုင်ပါတယ်။ခါးမှာရှိတဲ့ ကျောရိုး၊ အရွတ်တွေ ပျက်စီးလာနိုင်ပါတယ်။လှုပ်ရှားမှု့မရှိတော့ကြောင့် အင်ဆူလင်ထုတ်လုပ်မှု တွေကျဆင်းလာပြီး သွေးရောက်ရှိမှုလျော့နည်းကာ နှလုံးအတွင်း သွေးခဲမှုကိုလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

နောက်ထပ်လေ့လာခြင်းအရ အထိုင်များတဲ့သူတွေဟာ အူမကြီး သားမြတ် သားအိမ်ကင်ဆာတွေလည်း ဖြစ်နိုင်ပါတယ်။ထိုင်နေတဲ့အတွက် ခြေထောက် ကိုသွေးရောက်ခြင်းနည်းသွားတဲ့အတွက် ရောင်ရမ်းမှုတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အထိုင်များတဲ့သူတွေဟာ သေဆုံးနှုန်း ၆၁ ရာခိုင် နှုန်းအထိ ပိုများကြောင်းတွေ့ရှိရပါတယ်။ဒါကြောင့် အလေ့ကျင့်လေးတစ်ခုလုပ်တဲ့အနေနဲ့ မိနစ် ၃၀ ကြာတိုင်း လမ်းထလျောက်ပေးပါနော် 

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။