ဟွာဝေး နည်းပညာကုမ္ပဏီရဲ့ ဘဏ္ဍာရေး အမှုဆောင်အရာရှိချုပ် (CFO) ကတော့ ရဲတပ်ဖွဲ့တွေ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။

အဖမ်းခံရသူကတော့ ဟွာဝေးဘုတ်အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌတဦးဖြစ်ပြီး ကုမ္ပဏီတည်ထောင်သူ ရန်ကျန်းဖေးရဲ့ သမီးဖြစ်သူ မန်ဝမ်ဟောင်ပဲဖြစ်ပါတယ်။

သူမကတော့အမေရိကန်အစိုးရ ဒဏ်ခတ်မှုစည်းမျဉ်းချိုးဖောက်မှု စွပ်စွဲချက်နဲ့ ကနေဒါနိုင်ငံမှာဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။

သူမအဖမ်းခံရတဲ့သတင်းကြောင့် နည်းပညာကုမ္ပဏီတွေနဲ့ ဟာ့ဒ်ဝဲလ်ရောင်းချသူ ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေ မတည်မငြိမ် ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့က တရုတ်နဲ့ ဟောင်ကောင်ရှိ စတော့ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်လို့သိရပါတယ်။

ဟောင်ကောင် ဟန်ဆန် စတော့အိတ်ချိန်းက IT hardware အညွှန်းကိန်းဟာ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နည်းပညာကုမ္ပဏီတွေရဲ့ တဆင့်ခံ အညွှန်းကိန်းကတော့ ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်လို့သိရပါတယ်။  

တရုတ်နိုင်ငံ ရှန်ဟိုင်း စတော့အိတ်ချိန်းမှာတော့ နည်းပညာကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတွေဟာ ၂,၆၁၂.၆၄ မှတ်နဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး blue-chip CSI300 အညွှန်းကိန်းဟာ ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ 

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။