ပြည်တွင်းမြန်မာ့ရိုးရာရှင်ပြုပွဲများစွာကိုတော့ ဆင်၊ မြင်း၊ နွားများအပြင် မော်တော်ဆိုင်ကယ်၊ ကားများဖြင့်လည်း နေရာအနှံ့အပြားမှာပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ မြန်မာ့ရိုးရာ ရှင်ပြုပွဲကတော့ မြင့်မြတ်တဲ့ပွဲတစ်ခုဖြစ်တဲ့အပြင် ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်တွေကတော့ သမိုင်းမှာလည်း ထင်ကျန်ခဲ့တာတွေ့ရပါတယ်။ ဒီဇင်ဘာလ ၆ရက်နေ့ မနေ့ကလည်း ကျောက်ပန်တောင်းမြို့ရှင်လောင်းလှည့်ပွဲတစ်ခုတွင် ဆင်မှုန်ယိုမှုကြောင့် ရုတ်ရုတ်သဲ့သဲ့ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါဖြစ်စဉ်ကတော့ ဒီဇင်ဘာလ ၆ရက်နေ့ မနေ့ကပြုလုပ်ကျင်းပခဲ့တဲ့ ကျောက်ပန်တောင်းမြို့ နှစ်ကျပ်ခွဲရွာအလှူတစ်ခုတွင် ရှင်လောင်းကားဆင်ဖြင့်လှည့်လည်စဉ် ဆင်မှုန်ယိုသောင်းကျန်းမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဆင်မှုန်ယို ထွက်ပြေးမှုကြောင့် ဆင်ပေါ်ရှိ ရှင်လောင်းတပါတလည်း ပါသွားခဲ့ကြောင်း သိရပါတယ်။ ဆင်မှုန်ယိုချိန်အတွင် ရွာထဲမှာ လှည့်လည်သောင်းကျန်းခဲ့ပြီး မောင်ရှင်လောင်းနှင့် ရွာသားတွေတော့ ထိခိုက်မှုမရှိခဲ့ကြောင်း သိရပါတယ်။  

ဆိုးဆိုးရွားရွား ပွဲပျက်သွားလောက်အောင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လက်ရှိ ဆင်ကားပြန်လည်ဖမ်းမိခဲ့ကာ ထိန်းသိမ်းထားရကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၆ရက်နေ့ မနေ့ကဖြစ်ပေါ်ခဲ့တဲ့ ကျောက်ပန်တောင်းမြို့ ရှင်လောင်းအလှူမှ ဆင်မှုန်ယိုသောင်းကျန်းမှုဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေတွေ့ရှိနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။

video - MG P Say

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။